အမရပူရ ရဲစခန်းက ရဲဒု-တပ်ကြပ် သူရအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ တန်ဆောင်တိုင်မှာ တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရတဲ့ငွေနဲ့ မူးရူးသောက်စားပြီး အပြန် ပစ်ခတ်ခဲ့တာလို့ MN PDF ထုတ်ပြန်၊


နိုဝင်ဘာ - ၈ 

မန္တလေးမြို့ အမရပူရမြို့နယ်မှာ မနေ့က တန်ဆောင်မုန်းလပြည့်မှာ ပြည်သူကို တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရလာတဲ့ ငွေနဲ့ မူးရူးသောက်စားနေတဲ့ စစ်ကောင်စီ သစ္စာခံ အမရပူရမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယာဉ်မောင်း ရဲ ဒု-တပ်ကြပ် သူရအောင်ကို ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ မန္တလေးခရိုင်၊ အမှတ် (၅) တပ်ရင်း၊ မြစ်ငယ် MNPDF က သတင်း ထုတ်ပြန်ပါတယ်။ 

မနေ့က တန်ဆောင်မုန်းလပြည့်နေ့မှာ မူးရူးသောက်စားပြီး ပြန်လာတဲ့ အမရပူရမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယာဉ်မောင်း ရဲ ဒု-တပ်ကြပ် သူရအောင်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ တန်ဆောင်မုန်းလပြည့်နေ့ ကျွန်တော်တို့ MN PDF အလှူကြီး။ သောက်စားမူးရူးပြီး ပြန်လာသော ဒုတပ်ကြပ် သူရအောင် ကို ဧရာဝတီမြစ်ထဲတွင်ရှိသော ငါးများကို အာဟာရဒါနအဖြစ် ငါးစာကျွေးလိုက်ပါသည် ။  နတ်လူသာဓုခေါ်ဆိုနိုင်ကြပါစေ “ လို့ MN PDF က ဖော်ပြပါတယ်။ 

သူရအောင်မှာ ပါလာတဲ့ 9mm ကျည် (၉၁) တောင့်၊ ပိုက်ဆံ (၈၇,၇၀၀) ကျပ်၊ ဖုန်းတစ်လုံးနဲ့ လက်စွပ်တစ်ကွင်းကို သိမ်းဆည်းခဲ့တယ်လို့လည်း ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီ သစ္စာခံတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့လည်း MN PDF က ထပ်မံ ဖော်ပြထားပါတယ်။ 


Mandalay Free Press - MFP

အမရပူရ ရဲစခန်းက ရဲဒု-တပ်ကြပ် သူရအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ တန်ဆောင်တိုင်မှာ တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရတဲ့ငွေနဲ့ မူးရူးသောက်စားပြီး အပြန် ပစ်ခတ်ခဲ့တာလို့ MN PDF ထုတ်ပြန်၊ အမရပူရ ရဲစခန်းက ရဲဒု-တပ်ကြပ် သူရအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ တန်ဆောင်တိုင်မှာ တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရတဲ့ငွေနဲ့ မူးရူးသောက်စားပြီး အပြန် ပစ်ခတ်ခဲ့တာလို့ MN PDF ထုတ်ပြန်၊ Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.