မုံရွာမှာ ဖဲဝိုင်းက ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ဗိုလ်အဆင့် အပါအဝင် ကားပေါ်ပါ စကစ ခြောက်ယောက် သေဟုဆို၊


နိုဝင်ဘာ - ၈

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မနေ့က ညနေပိုင်း ဖဲဝိုင်းက ပြန်လာတဲ့ စစ်အုပ်စုကို မြို့အဝင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့် နှစ်ယောက် အပါအဝင် စကစ ခြောက်ယောက် သေတယ်လို့ သံမဏိ Force - MPDF (မုံရွာခရိုင်တပ်ရင်း) က သတင်း ထုတ်ပြန်ပါတယ်။

တန်ဆောင်မုန်းလပြည့်ဖြစ်တဲ့ နိုဝင်ဘာ(၇)ရက် မနေ့က ညနေ(၃)နာရီခွဲမှာ မုံရွာမြို့နယ် ကျောက်စစ်ပုံရွာ ဖဲဝိုင်းက ပြန်လာတဲ့ စစ်အုပ်စုကို မုံရွာမြို့ ၊ ပြည်တော်သာ အဝိုင်းပတ်ထိပ်မှာ စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျောက်စစ်ပုံရွာမှ ဖဲရိုက် ပြန်လာသော စခ အကောင်ကြီး (ဗိုလ်အဆင့်) နှစ်ကောင် အပါဝင် စုစုပေါင်း စခ ရှစ်ကောင် လိုက်ပါလာသော စခကားအား သံမဏိ Force - MPDF (မုံရွာခရိုင်)တပ်ရင်းမှ တပ်ခွဲ တပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆင်ရေးအဖြစ် စောင့်ကြိုပစ်ခတ်ရာ ကားအရှေ့ခန်း အတွင်းခန်းမှ စခ အကောင်ကြီးနှစ်ကောင် အပါဝင် စုစုပေါင်း ခြောက်ဦး နေရာတွင် ပွဲပြီး သွားပြီး စခနှစ်ကောင်မှပြန်လည် ခံပစ်သဖြင့် ရဲဘော်များ၏ အသက်လုံခြုံရေးအတွက် ပြန်လည် ဆုတ်ခွာခဲ့ရပါသောကြောင့် လက်နက် သိမ်းဆည်းရမိမှု မရရှိခဲ့ခြင်း ဖြစ်ပါသည်။ (မိမိတို့တပ်ဖွဲ့ဝင်များမှ အထိခိုက်မရှိခဲ့) မြေပြင်သတင်းပေးပို့ချက်အရ ညပိုင်းအချိန်တွင် ကား ခုနှစ်စီးခန့်ဖြင့် အလောင်းများ လာကောက်ပြီး ကျန်ရစ်ခဲ့သောကားကို ကရိန်းဖြင့် လာရောက်ဆွဲသွားကြောင်း သိရပါသည်" လို့ သံမဏိ Force - MPDF (မုံရွာခရိုင်တပ်ရင်း) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မုံရွာမှာ ထင်တိုင်းကျဲ သောင်းကျန်းနေပြီး မနေ့က မုံရွာမြို့ပေါ် တစ်ဖွဲ့က ယတြာချေ အလှူလုပ်ပြီး တခြား စကစ တစ်ဖွဲ့က မြိုကတောင်ဘက်က ရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက်ခဲ့ကာ ညပိုင်းမှာတော့ မုံရွာ နမခထဲ ခိုးရာပါ ပစ္စည်းတွေနဲ့ အောင်ပွဲခံ သောက်စားပျော်ပါးခဲ့ကြပါတယ်။


Mandalay Free Press - MFP

မုံရွာမှာ ဖဲဝိုင်းက ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ဗိုလ်အဆင့် အပါအဝင် ကားပေါ်ပါ စကစ ခြောက်ယောက် သေဟုဆို၊ မုံရွာမှာ ဖဲဝိုင်းက ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ဗိုလ်အဆင့် အပါအဝင် ကားပေါ်ပါ စကစ ခြောက်ယောက် သေဟုဆို၊ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.