တောင်ဒဂုံတွင် အမျိုးသားတဦးကို PDF သတင်းပေးဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လာရောက်ပစ်သတ်သွား


မြေလတ်အသံ၊ စက်တင်ဘာ ၆၊ ၂၀၂၂။

ရန်ကုန်တိုင်း၊ တောင်ဒဂုံ (၂၅) ရပ်ကွက်၊ လောင်းလုံးလမ်းတွင် ကွမ်းယာရောင်းနေသော ဦးဝင်းဌေး ဆိုသူကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက  PDF သတင်းပေးသူဟုစွတ်စွဲပြီးသတ်ဖြတ်သွားကြောင်း ၎င်းနှင့်နီးစပ်သူများထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက် ည ၆ နာရီကျော်တွင် ဦးဝင်းဌေး၏ နေအိမ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကအရပ်ဝတ်များဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်သတ်သွားပြီးနောက်ရုပ်အလောင်းအား သယ်ဆောင်သွားကာ မိသားစုဝင်များအားသဂြိုလ်သည့်နေ့မှ ပြန်လည်ထုတ်ပေးခဲ့ကြောင်းသိရသည်။ 

“အသတ်မခံရခင်လွန်ခဲ့တဲ့ ၂ လကသူ့ဆိုင်မှာ ကွမ်းယာလာဝယ်တဲ့ရာအိမ်မှူးအပြန် လမ်းထိပ်မှာအပစ်ခံရတယ်၊ အဲဒါနဲ့ဦးဌေးဝင်းကို Pdf သတင်းပေးသူလို့ထင်ပြီးရဲစခန်းထဲခေါပြီး ၃ နာရီအထိခေါ်ယူစစ်ဆေးခဲ့တာ အဲဒီနောက်ဦးဝင်းဌေးကကြောက်လို့ သူ့ရဲ့ရွာမှာပြန်နေတာဖြစ်ချင်တော့အလုပ်ကိစ္စရှိလို့ရန်ကုန်ကို ပြန်တတ်လာချိန်မှာ ဒလန် ၂ ဦးထပ်ပြီးပစ်ခံထိတယ် အဲဒါတွေနဲ့ပတ်သက်ပြီး စကစ တွေက ဦးဝင်းဌေးကိုသံသယဖြစ်လာပြီး ၂၉ ရက်နေ့ညမှာ လာပစ်သတ်သွားတာ ” ဟုဦးဝင်ဌေးမိသားစုနှင့် နီးစပ်သူတဦးကမြေလတ်အသံကိုပြောသည်။

သေဆုံးသွားသော ဦးဝင်းဌေးမှာ မိသားစုဝင် ၅ ဦးရှိပြီး ယင်း ၅ ဦးထဲမှ သားဖြစ်သူမှာ နေပြည်တော်လွတ်တော်ရုံးတွင် အလုပ်လုပ်ကိုင်နေသောဝန်ထမ်းဖြစ်ပြီး သမီးဖြစ်သူမှာတော့ ပုသိမ်မြို့တွင်အစိုးရဝန်ထမ်းအလုပ်ကိုလုပ်ကိုင်နေပြီး ဦးဝင်းဌေးမှာတော့၎င်း၏ဇနီး၊ အငယ်ဆုံးသမီးနှင့်အတူကွမ်းယာရောင်းကာနေထိုင်စား‌သောက်ကြောင်းလည်း သိရသည်။

“သားရောသမီးရောအစိုးရဝန်ထမ်းတွေဖြစ်နေပါလျက်နဲ့ အသတ်ခံရတယ်သူတို့အဖေအသတ်ခံရတာတောင်တယောက်မှာ cdm မလုပ်ကြဘူး သူတို့အဖေဆုံးသွားတာကိုတောင် ဘယ်ကိုမှမတိုင်ရဲတဲ့အပြင် သူတို့အဖေနေခဲ့တဲ့နေရာမှာတောင် ရက်လည်မလုပ်ရဲလို့အခြားနေရာမှ ာပဲရက်လည်လုပ်ခဲ့ကြတာ ” ဟု၎င်းကဆက်လက် ပြောသည်။

ဦးဝင်းဌေးသေဆုံးသွားသည့်နေ့မှာပင် (၅၃) ရပ်ကွက်ထဲက လင်မယား ၂ ဦးကိုလည်း ၎င်းတို့၏သားဖြစ်သူမှာ လွတ်မြောက်နယ်မြေသို့သွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်နေသည်ဟုစွတ်စွဲချက်ဖြင့် သတ်ဖြတ်သွားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

သေဆုံးသွားသော ဦးဝင်းဌေးနှင့်လင်မယား ၂ ဦးတို့ကို အောက်တိုဘာ ၁ ရက်နေ့ကအချိန်ခွဲပြီး ကျီစုသဿာန်မှာသွားရောက်သဂြိုလ်ခဲ့ကြောင်း သိရသည်။

မြေလတ်အသံ - Myaelatt Athan 


တောင်ဒဂုံတွင် အမျိုးသားတဦးကို PDF သတင်းပေးဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လာရောက်ပစ်သတ်သွား တောင်ဒဂုံတွင် အမျိုးသားတဦးကို PDF သတင်းပေးဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လာရောက်ပစ်သတ်သွား Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.