တနင်္သာရီမြို့နယ် ဘန်လောရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်PDF တိုက်ခိုက်


တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ညီနောင်များနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က ယနေ့(အောက်တိုဘာ ၃)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီခွဲခန့်က မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)နှင့် ဘက်မလိုက်ပြောက်ကျားတပ်၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု(SWDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ် ခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခန့်တွင် မဟာမိတ် တပ် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွဲခဲ့ကြောင်း အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ ကျေးရွာများသို့ ယင်းနေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ရာ ပြည်သူများထိခိုက် ဆုံးရှုံးမှုရှိခဲ့သည်ဟုဆိုသော်လည်း အခြေအနေအသေးစိပ်အား မသိရသေးပေ။

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ပြည်သူများ သတိပြု သွားလာနေထိုင်ကြရန် မြိတ်ခရိုင်တပ်ရင်း (၂)က တိုက်တွန်း နှိုးဆော်ထားသည်။

ဘန်လောရွာအနီးရှိ စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စိတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအခြေအနေများအားသိရှိနိုင်ရန် မြိတ်ခရိုင် တပ်ရင်း (၂)ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။


People's Spring 

တနင်္သာရီမြို့နယ် ဘန်လောရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်PDF တိုက်ခိုက် တနင်္သာရီမြို့နယ် ဘန်လောရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မြိတ်ခရိုင်PDF တိုက်ခိုက် Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.