ကားမိုင်းဆွဲခံရမှာကြောက်လို့ လမ်းဆင်းလျှောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၁၃ ဦးသေဆုံးကာ ၁၄ ဦးခန့် ဒဏ်ရာရဟု KPDF ထုတ်ပြန်


တနင်္သာရီတိုင်းမ်၊ အောက်တိုဘာ ၅

ပုလောမြို့နယ်မှာ စစ်ကူ လိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ဟာ တပိုကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ပြီး ၁၃ ဦးသေဆုံးကာ ၁၄ ဦး ခန့်ဒဏ်ရာရခဲ့တယ်လို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်၊ စက်တော်ရာ ကျေးရွာကနေ ကဒဲကျေးရွာကို စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်က တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

" စက်တော်ရာကျေးရွာကနေ စစ်ကားနှစ်စီးနဲ့ထွက်လာတာ။ မိုင်းဆွဲခံရမှာစိုးလို့ ကားမစီးဘဲ လမ်းဆင်းလျှောက်တဲ့အချိန် မိုင်းဆွဲခံလိုက်ရတာပါ " လို့ KPDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘုတ်ခြံ အမှတ် (၁၇) ခြေလျင်တပ်ရင်းကဖြစ်တယ်လို့ ဆိုပါတယ်။

 ၎င်းတို့ကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)နဲ့ အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF) တပ်ဖွဲ့ နှစ်ခုက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါနေ့မှာပဲ ပုလောမြို့နယ်၊ နန်ပရုတ်ကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနဲ့ ဗိုလ်ခေါင်းဖြူစစ်ကြောင်းတို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။


The Tanintharyi Times


ကားမိုင်းဆွဲခံရမှာကြောက်လို့ လမ်းဆင်းလျှောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၁၃ ဦးသေဆုံးကာ ၁၄ ဦးခန့် ဒဏ်ရာရဟု KPDF ထုတ်ပြန်  ကားမိုင်းဆွဲခံရမှာကြောက်လို့ လမ်းဆင်းလျှောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၁၃ ဦးသေဆုံးကာ ၁၄ ဦးခန့် ဒဏ်ရာရဟု KPDF ထုတ်ပြန် Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.