စဉ့်ကိုင် ပုလိပ်မှာ စကစတွေ တိုက်ခိုက် ခံရပြီးနောက် စစ်အုပ်စုက ဒေသခံ(၃၀)ကျော်ကို ဖမ်းဆီးကာ နှစ်ဦးကို ညတွင်းချင်း သတ်-ဖြတ်၊ စစ်အုပ်စုက သတ်-ဖြတ်လိုက်သူ နှစ်ဦးအနက် တစ်ဦးဟာ CDM လျှပ်စစ် ဝန်ထမ်းဖြစ်၊

စစ်အုပ်စုက ဖမ်းဆီးပြီး ညတွင်းချင်း ညှဉ်းပန်းသတ်-ဖြတ်လိုက်တဲ့ စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့က CDM လျှပ်စစ်ဝန်ထမ်း ကိုမင်း/Photo – ကိုမင်း FB

အောက်တိုဘာ - ၅

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့က စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ လိုက်ပါလာတဲ့ ကားကို မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးထားပြီး အမျိုးသား နှစ်ဦးကို ညတွင်းချင်း ညှဉ်းပန်း သတ်-ဖြတ် လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းက လျှပ်စစ်မီတာခတွေ ဘဏ်သွင်းဖို့ ပုလိပ်မြို့ကနေ စဉ့်ကိုင် - ကျောက်ဆည်လမ်းအတိုင်း မောင်းနှင်လာတဲ့ ပုလိပ်မြို့က စစ်ကောင်စီ သစ္စာခံ လျှပ်စစ်ဝန်ထမ်းနှင့် စကစတွေ၊ စုစုပေါင်း လေးယောက် လိုက်ပါလာတဲ့ ကားကို ရန်ကုန် - မန္တလေး လမ်းဟောင်း၊ စဉ့်ကိုင် ပေါ်တော်မူ ဘုရားအနီးမှာ MN PDF မြို့ပြပြောက်ကျားအထူးတပ်၊ Truth Keeping Foce – Amarapura နှင့် ဇာမဏီ  ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ် သုံးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ ပုလိပ်စခန်းမှူး ဇော်ဝင်းနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူတို့ သေပြီး ပုလိပ် လျှပ်စစ်(EPC) မန်နေဂျာ ဇွဲညီညီဝင်းနှင့် စကစ တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF မြို့ပြ ပြောက်ကျားအထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက သူတို့ တိုက်ခိုက်တာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားပေမယ့် စစ်အုပ်စုက အောက်တိုဘာ(၃)ရက် ညပိုင်းမှာ အရပ်သားပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက နှစ်ဦးကို ညတွင်းချင်း ညှဉ်းပန်း သတ်-ဖြတ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ညသန်းခေါင်မှာ ခွေးတွေက ရပ်ကွက်တွေထဲ လိုက်ဖမ်းပါတယ်။ လူ(၃၀)ကျော်ကို စဉ့်ကိုင် စစ်ကြောရေးကို ဖမ်းသွားတယ်လို့ ကြားပါတယ်။ အဲ့ဒီထဲက ပုလိပ်က CDM လျှပ်စစ်ဝန်ထမ်း ကိုမင်းနဲ့ နောက်တစ်ယောက်ကို သူတို့ ညတွင်းချတင်း သတ်လိုက်ပြီး ဒီမနက် မီးသင်္ဂြိုဟ်ဖို့ မိသားစုကို ခေါ်တယ်တဲ့” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးသွားသူ (၃၀)ကျော် ရှိတယ်လို့ သတင်းကြားရပြီး အရေအတွက် အတိအကျ မသိရ သေးကြောင်းနှင့် စစ်အုပ်စုက ညှဉ်းပန်း သတ်-ဖြတ်လို့ နှစ်ဦး သေဆုံးတယ်လို့ သတင်းကြားပေမ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“ဖမ်းသွားတဲ့ အထဲက နှစ်ယောက် သေတယ်ပဲ ကြားတာ။ အတိအကျတော့ မသိရသေးဘူး။ ကိုမင်း ဆိုတာက ပုလိပ်မြို့က CDM လျှပ်စစ် ဝန်ထမ်းပါ။ သားသမီး လေးယောက်ရှိတယ်။ CDM ဆိုတော့ အပြင်အလုပ်လေး လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတာ။ မနေ့ညက အိမ်လာဖမ်းသွားပြီး ဒီမနက် သဲင်္၈ိုဟ်ခါနီး မိသားစုကို ခေါ်ပြတယ်တဲ့။ အလောင်းပြန်ရတယ်လို့ မကြားမိဘူး” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီ သစ္စာခံ ပုလိပ် လျှပ်စစ်မန်နေဂျာ ဇွဲညီညီဝင်းက မသေသေးဘဲ ပုလိပ် လျှပ်စစ်နဲ့ ဆက်စပ်သူတွေကို စစ်အုပ်စုက ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ တိုက်ခိုက်ခံရတဲ့ နေ့ကတည်းက စဉ့်ကိုင် - ကျောက်ဆည်လမ်းကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာနှင့် အနီးဝန်းကျင်က ဒေသခံပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးကာ ရိုက်နှက်ညှဉ်းပန်း ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ ကားကို တိုက်ခိုက်ခဲ့တဲ့ မြို့ပြပြောက်ကျား ရဲဘော်တွေကတော့ သူတို့ တပ်ဖွဲ့ဝင်တွေ အားလုံး အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး စစ်အုပ်စုကတော့ အရပ်သားပြည်သူတွေကို ဖမ်းဆီး ညှဉ်းပန်း သတ်-ဖြတ်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP


စဉ့်ကိုင် ပုလိပ်မှာ စကစတွေ တိုက်ခိုက် ခံရပြီးနောက် စစ်အုပ်စုက ဒေသခံ(၃၀)ကျော်ကို ဖမ်းဆီးကာ နှစ်ဦးကို ညတွင်းချင်း သတ်-ဖြတ်၊ စစ်အုပ်စုက သတ်-ဖြတ်လိုက်သူ နှစ်ဦးအနက် တစ်ဦးဟာ CDM လျှပ်စစ် ဝန်ထမ်းဖြစ်၊ စဉ့်ကိုင် ပုလိပ်မှာ စကစတွေ တိုက်ခိုက် ခံရပြီးနောက် စစ်အုပ်စုက ဒေသခံ(၃၀)ကျော်ကို ဖမ်းဆီးကာ နှစ်ဦးကို ညတွင်းချင်း သတ်-ဖြတ်၊ စစ်အုပ်စုက သတ်-ဖြတ်လိုက်သူ နှစ်ဦးအနက် တစ်ဦးဟာ CDM လျှပ်စစ် ဝန်ထမ်းဖြစ်၊ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.