မင်းတပ်မြို့ ၃ မိုင်ဂိတ်အနီးမှာ CDF-MINDAT က တိုက်ခိုက်ပြီး စစ်ကောင်စီဘက် အကျအဆုံးများနိုင်ဟုဆို


ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ (၃)မိုင်ဂိတ်အနီးအား CDF-MINDAT က ယနေ့ အောက်တိုဘာ ၅ ရက် မနက် ၁၁ နာရီခွဲတွင် အနီးကပ်တိုက်ခိုက်ကြတယ်လို့ CDF-MINDAT (သတင်းနှင့်ပြန်ကြားရေးဌာန) က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးနောက် စစ်ကောင်စီဘက်က အများပြည်သူနေထိုင်သော ကျေးရွာဘက်သို့ လက်နက်ကြီးအချက်၂၀ခန့်ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့( ၆ )မိုင် တက္ကသိုလ် သွားရာ လမ်းအနီး နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

အိမ်ပြန်သည့်ပြည်သူတစ်ယောက်ကို ၃ မိုင်ဂိတ်မှာ ထိုးကြိတ်ကြပြီး ဒရွတ်တိုက်ဆွဲကာ ၂၇၄ တပ်ထဲဆွဲခေါ်ဖမ်းဆီးသွားကြတယ်လို့သိရတယ်။ ပြေရွာဘက်သွားသော စစ်ကောင်စီ များမှ ပြည်သူ ၃ ဦးကို လူသားဒိုင်းအဖြစ်ရှေ့မှထားပြီး ပိန်ယောရွာဘက်ဆက်ထွက်နေကြပါတယ်။


Zalen 

မင်းတပ်မြို့ ၃ မိုင်ဂိတ်အနီးမှာ CDF-MINDAT က တိုက်ခိုက်ပြီး စစ်ကောင်စီဘက် အကျအဆုံးများနိုင်ဟုဆို မင်းတပ်မြို့ ၃ မိုင်ဂိတ်အနီးမှာ CDF-MINDAT က တိုက်ခိုက်ပြီး စစ်ကောင်စီဘက် အကျအဆုံးများနိုင်ဟုဆို Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.