ဘဏ်မှာငွေသွားသွင်းတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ လေတပ်ဗိုလ်တဦးသေဆုံး

ပုလိပ်၊ အောက်တိုဘာ ၄၊ ၂၀၂၂။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ပုလိပ်မြို့နဲ့ စဉ့်ကိုင်မြို့ကြားက ပေါ်တော်မူဘုရားအနီးမှာ စစ်ကောင်စီအရာရှိတွေလိုက်ပါလာတဲ့ကားကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရာထူးကြီးပိုင်း ၂ ဦးသေဆုံးခဲ့တယ်လို့ MN PDF ကတဆင့်သိရပါတယ်။

အောက်တိုဘာလ ၃ ရက်မနေ့ကနေ့လည် ၂ နာရီခွဲလောက်မှာ အတွင်းသတင်းပေးချက်အရ ပုလိပ် EPC ရုံးကနေ စဉ့်ကိုင်ဘဏ်ကိုငွေလာသွင်းတဲ့ ရုံးမန်နေဂျာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါလာတဲ့ကားကို နောက်ကလိုက်ကာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကားရဲ့ဘယ်ဘက်က ကပ်လိုက်ပြီး အရာရှိကို အရင်ပစ်လိုက်တာ၊ ကားဒါရိုက်ဘာက ကျနော်တို့ဆိုင်ကယ်ကို နောက်ကလိုက်တိုက်သေးတယ်၊ အဲ့တာကြောင့် ရှေ့ကအရှိန်နဲ့မောင်းပြီး ကားရှေ့တည့်တည့်က နောက်ပြန်ပစ်တော့ ဒါရိုက်ဘာထိပြီး ကားကထိုးရပ်သွားတာနဲ့ နောက်ခန်းကပါလာတဲ့ သူကိုပါထပ်ပစ်တာ၊ တယောက်ကျသွားချိန် နောက်တယောက်က ကားမှန်မချဘဲ ပြန်ပစ်လို့ ရဲဘော်တွေအန္တရာယ်ကင်းအောင် ပြန်ဆုတ်ခဲ့တယ်” လို့ MN PDFအဖွဲ့တာဝန်ရှိသူ ဗိုလ်ဖောင်းဒိုင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပုလိပ်မြို့စခန်းမှူးဇော်ဝင်း အသက် ၄၅ နှစ် ပွဲချင်းပြီးသေဆုံးကာ၊ တံတားဦးလေတပ်က စွန်ရဲလေကြောင်းရန်ကာကွယ်ရေးတပ် ဗိုလ်မှူးဇော်ဇော်နိုင် အသက် ၃၅ နှစ်ကတော့ ဆေးရုံကိုပို့နေတဲ့လမ်းမှာ သေဆုံးခဲ့တယ်လို့ သိရတယ်။

သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီးဟာ ကျူးရှင်းလင်းရေးနဲ့ PDFဖမ်းဆီးရေးမှာ နာမည်ကြီးပြီး၊ ကျောက်ဆည်ခရိုင်ရဲ့ စစ်ကြောရေးအကြီးပိုင်း ၃ ဦးထဲမှာ တဦးအပါအဝင်ဖြစ်တယ်ဆိုတာကို တပ်တွင်းသတင်းပေးချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဗိုလ်ဖောင်းဒိုင်းကပြောပါတယ်။  

‌ကားထဲကပြန်လည်ပစ်ခတ်တဲ့အပြင် စစ်ကောင်စီဘက်က နောက်ထပ်ကားတစီးရောက်လာတဲ့အတွက် လက်နက်‌နဲ့ပစ္စည်းတွေ သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခွာခဲ့ရပြီး၊ မြေပြင်တိုက်ခိုက်သူရဲဘော်တွေရဲ့ ကင်းထောက်ချက်အရ သေဆုံးအလောင်းတွေကို ကားပေါ်ကဆွဲချနေတာကို မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ MN PDF မြို့ပြပြောက်ကျားအထူးတပ် နဲ့ Truth Keeping Foce - Amarapura တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဘဏ်မှာငွေသွားသွင်းတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ လေတပ်ဗိုလ်တဦးသေဆုံး ဘဏ်မှာငွေသွားသွင်းတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ လေတပ်ဗိုလ်တဦးသေဆုံး Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.