ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၁၃ စီး စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ စစ်သား၅ ဦးသေဆုံး


ကနီ ၊ အောက်တိုဘာ ၇ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း၊ ကနီမြို့ နယ်၊ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ စစ်သင်္ဘော ၁၃ စီးပေါ်မှ စစ်သားအင်အား ၁၀၀ ဝန်းကျင်အား စနိုက်ပါဖြင့်ပစ်ခတ်ခဲ့လို့ တပ်သား ၅  ဦးသေဆုံးခဲ့ကြောင်း KLG တပ်မဟာ  ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ ရေထဲပြုတ်ကျသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ တာဝန်ခံက မြေလတ်အသံကိုပြောသည်။

"၆ ရက်နေ့က ကနီကနေထွက်တဲ့ စစ်သင်္ဘော ၁၃ စီးပါ၊ကနီမြို့နယ် အုန်းမရွာမှာညအိပ်ပါတယ်၊ ညကအိပ်ပြီးအုန်းမရွာကို လက်နက်ကြီးလက်နက်ငယ်နဲ့ထုတယ်၊ အုန်းမရွာကနေ မနက် ၆ နာရီထိုးထွက်တဲ့အချိန်မှာ ကဲတောင့်နဲ့ကြောင်မျှော်တောင်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ သင်္ဘောပေါ်မှာကားတွေတော်တော်များများပါတယ်၊ ပြီးတော့ရိက္ခာတွေပါတယ်၊ ဒီဇယ်တွေလည်းပါတယ်၊ စနိုက်ပါနဲ့ပစ်တာမှာတော့ ၅ ကောင်သေတယ်၊ ရေထဲပြုတ်ကျသွားတာလည်းမြင်ရတယ်" ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် စစ်သင်္ဘော‌ ၁၃ စီးမှာ မင်းကင်းနယ်ထဲရောက်ရှိသွားပြီး မင်းကင်းနယ်ထဲတွင်ဆက်လက်တိုက်ပွဲဖြစ်နေတယ်ကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီ စစ်သင်္ဘော ၁၃ စီးအား ကနီနယ်အတွင်း ကျောက်လုံးကြီး KLG တပ်မဟာကပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ သေဆုံးပြီး ထောက်ပို့ဖလက်သင်္ဘော ၁ စီးမီးလောင်ကြောင်းသိရသည်။


မြေလတ်အသံ - Myaelatt Athan 

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၁၃ စီး စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ စစ်သား၅ ဦးသေဆုံး ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၁၃ စီး စနိုက်ပါနဲ့ပစ်ခတ်ခံရလို့  စစ်သား၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:13 Rating: 5

No comments:

Powered by Blogger.