အသုံးမကျလို့ တနည်းပြောရရင် ကိုယ်ညံ့လို့ ရန်သူလက်ထဲရောက် သွားတာ ပြန်ခေါ်စရာအေကြာင်းမရှိ၊ အဖမ်းကို ခံမယ့်အစား နောက်ဆုံးကျည်ဆံတစ်ထောင့်နဲ့ မိမိကိုယ်ကိုယ်ကို ပြန်စီရင်သင့်ဟု ဇော်မဲလုံးပြော


ရခိုင်တပ်တော် AA၏ ထိမ်းသိမ်းစောင့်ရှောက်မူ့အောက်၌ ရောက်နေရှိသော ဒဏ်ရာရ သုံ့ပန်းစစ်သားများကို ပြန်ခေါ်ယူ ဆေးကုသရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရာ...

''နံပါတ် ၁ ပြောချင်တာက တပ်မတော်သားဆိုတာ သုံ့ပန်းဖြစ်သွားရင် ဒါမှမဟုတ် ရန်သူရဲ့ အဖမ်းခံရပြီဆိုရင် စစ်သားဘဝ ပြီးဆုံးသွားပြီဖြစ်လို့ မြန်မာတပ်မတော်အနေနဲ့ လှည့်ကြည့်စရာ၊ အချိန်ကုန်ခံ နေစရာ၊ ဘာအကြောင်းမှကို မရှိဘူး လို့ ပြောချင်ပါတယ် '' 

''မိမိဖါသာ အသုံးမကျလို့  တနည်းပြောရရင် ကိုယ်ညံ့လို့ ရန်သူလက်ထဲရောက် သွားတာဖြစ်တယ်၊ သူတို့ကို ဒီအခြေအနေထိရောက်အောင် ပြု့စု့ပျိုးထောင်ပေးခဲ့ရတဲ့ တပ်မတော်အတွက်ရော၊  နိုင်ငံတော်အတွက်ရော၊  အရမ်းနစ်နာပါတယ်။ ဒါကြောင့် ခံစားခွင့်တွေကအစ အားလုံးရပ်ဆိုင်းပါတယ်။ အကယ်၍ တပ်မတော်လက်ထဲ ဒီလူတွေ ပြန်ရောက်လာရင်လည်း နိုင်ငံတော်ကပေးတဲ့ ပစ်ဒဏ်တွေကို မလွှဲမသွေ ခံယူရပါမယ်၊ ဒါကတော့ ဥပဒေအရ ဆိုပါတော့''။

''ဆိုလိုချင်တာက ရန်သူရဲ့ အဖမ်းကို ခံမယ့်အစား နောက်ဆုံးကျည်ဆံတစ်ထောင့်နဲ့ မိမိကိုယ်ကိုယ်ကို ပြန်စီရင်မယ်ဆိုရင်တော့ သူရဘွဲ့တို့၊  ပင်စင်တို့၊ အခြားခံစားခွင့်တို့ ဆိုတာတွေကို ကျန်ရစ်သူမိသားစုက ဆက်လက်ရရှိပါမယ်။ သူရဲ့ သမိုင်းလည်းလှမယ်။ ဒါကို အရင်တခါ သတင်းစာရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပြီး ဖြစ်တယ်။ ခင်ဗျားပြန်ရှာကြည့်၊  ဟုတ်ပီလား'' 

''နံပတ် ၂ အနေနဲ့ ပြောချင်တာက နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ AAက ဘယ်လိုပဲ အကြောင်း ကြားကြား တပ်မတော်နဲ့ မသက်ဆိုင်တော့တဲ့ အဲဒီဒဏ်ရာရ သုံးပန်းတွေကို  ပြန်ခေါ်မှာ မဟုတ်ပါဘူး။ AAရဲ့ တာဝန်ပဲ ဖြစ်တယ်။ သေတာ မသေတာကြတော့ သူတို့ကံပဲ၊ သေရင်လည်း သဂြိုလ်စရိတ် ထောက်ပံမှာ မဟုတ်ပါဘူး။ နဂိုကတည်းက စွန့်စားစရိတ်တို့၊  ရှေ့တန်းစရိတ်တို့ ဘာတို့ကို အခြားဝန်ထမ်းတွေထက် ခံစားခွင့် ပိုပေးထားပြီးသားမို့ သိပ်တော့ ဝမ်းနည်းစရာမရှိဘူး။''

'' နံပါတ် ၃ အချက်နေနဲ့ကြတော့.. AAအကြမ်းဖက်အဖွဲ့ကို ပြောချင်တယ်။ ကျတော်တို့ လေကြောင်းပစ်မှတ်နေရာတွေမှာ ဖမ်ဆီးခံ တပ်မတော်သားတွေကို ထားတာဟာ လူသားချင်းစာနာရာ မရောက်သလို နိုင်ငံတကာ စစ်ရာဇဝတ်မူကို ကျုးလွန်တာဖြစ်တယ်''။

''AA အနေနဲ့ အဲဒီလို မိန်းမဆန်ဆန် စိတ်တွေကို မပြုပြင်ရင်တော့ တိုင်းရင်းသား ညီအစ်ကိုအဖြစ် မြန်မာတပ်မတော်က ဆက်လက် သဘောထားနေတော့မှာ မဟုတ်ကြောင်းနဲ့ ရခိုင်လက်နက်ကိုင်တပ်တွေ ဒီထက်နာဖို့သာ ရှိတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်၊ ဒါပါပဲ '' ဟု့ ဆိုကာ ဖုန်းချသွားခဲ့ပါတယ်။ 

ကိုင်း မအလ အကြမ်းဖက် မအေယိုးတွေရဲ့ဘဝက ခွေးထက်တောင် အဖြစ်ဆိုးတဲ့ကိန်း ဆိုက်ကုန်ပြီမဟုတ်လား...


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

အသုံးမကျလို့ တနည်းပြောရရင် ကိုယ်ညံ့လို့ ရန်သူလက်ထဲရောက် သွားတာ ပြန်ခေါ်စရာအေကြာင်းမရှိ၊ အဖမ်းကို ခံမယ့်အစား နောက်ဆုံးကျည်ဆံတစ်ထောင့်နဲ့ မိမိကိုယ်ကိုယ်ကို ပြန်စီရင်သင့်ဟု ဇော်မဲလုံးပြော အသုံးမကျလို့  တနည်းပြောရရင် ကိုယ်ညံ့လို့ ရန်သူလက်ထဲရောက် သွားတာ ပြန်ခေါ်စရာအေကြာင်းမရှိ၊ အဖမ်းကို ခံမယ့်အစား နောက်ဆုံးကျည်ဆံတစ်ထောင့်နဲ့ မိမိကိုယ်ကိုယ်ကို ပြန်စီရင်သင့်ဟု ဇော်မဲလုံးပြော Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.