ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့


October 4,2022

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ကာကွယ်‌ရေးတပ်ဖွဲ့များ ယမန်နေ့ကတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

အင်အား ၁၈၀ ကျော် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်တပ်ဖွဲ့များကြား ယမန်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ၇ နာရီဝန်းကျင်တွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မနေ့က ခွေးတွေက ရှေ့တိုးတိုးလာလို့ ကာပစ်လိုက် ဝှိုက်လိုက်လုပ်နေတာပေါ့ ထိတွေ့မူက မနေ့ကမနက်ပိုင်းကနေစပြီးအပြင်းအထန်ဖြစ်တာပေါ့။” ဟု ဒေသခံကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နှစ်ဘက်ထိတွေ့တိုက်ပွဲအနီးရှိ ဒေသခံများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု သူကဆက်ပြောသည်။


Kachin News Group 

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့ ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့ Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.