ဝမ်းတွင်းမှာဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ရဲတွေမိုင်းဆွဲခံရ၊ ရဲ(၂)ယောက်သေ


အောက်တိုဘာ ၇

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မှာ ဆိုင်ကယ်တွေနဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ WTRF (Wundwin Township Revolution Force)က သတင်းထုတ်ပြန်ပါတယ်။

ရုံးပင်ကုန်းကျေးရွာ အနောက်ဘက်မှာ မိုင်းဆွဲမှုအတွင်း ရဲ(၂)ဦးသေခဲ့တယ်လို့ WTRF (Wundwin Township Revolution Force)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလဲ ဝမ်းတွင်းမြို့နယ် မှာ စစ်ကောင်စီကားကို (Wundwin Township Revolution Force)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။


Lu Nge Khit

ဝမ်းတွင်းမှာဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ရဲတွေမိုင်းဆွဲခံရ၊ ရဲ(၂)ယောက်သေ ဝမ်းတွင်းမှာဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ရဲတွေမိုင်းဆွဲခံရ၊ ရဲ(၂)ယောက်သေ Reviewed by THITHTOOLWIN on 19:20 Rating: 5

No comments:

Powered by Blogger.