မော်ကျွန်းမြို့ရှိ ပြည်သူ့စစ်(ခေါ်)ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း


ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ရှိ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်သူ့စစ်(ခေါ်)ပျူစောထီးခေါင်းဆောင်ကို ယနေ့အောက်တိုဘာလ ၅ ရက်နေ့၊ ညနေပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧရာဝတီလင်းပိုင် PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးဒေါက်တိုင်၊ ပျူစောထီး၊ မဘသ၊ ပြည် သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်အား ဧရာဝတီလင်းပိုင်၊ ဘိုကလေး PDF၊ မော်ကျွန်း ပကဖအဖွဲ့တို့ပူးပေါင်း၍ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီထောက်တိုင်ဒလန်များ၊ စစ်အုပ်ချုပ်ရေးများ၊ စီးပွားရေးထောက်တိုင်များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ၎င်းတို့နှင့်ပတ်သက်သောနေရာများအား ရှောင်ကြည်သွားလာကြရန် ပြည်သူများအား သတိပေးထားသည်။


Tachileik News Agency 

မော်ကျွန်းမြို့ရှိ ပြည်သူ့စစ်(ခေါ်)ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း မော်ကျွန်းမြို့ရှိ ပြည်သူ့စစ်(ခေါ်)ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.