ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို


October 5, 2022

ဖားကန့်မြို့တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်နိုင်သည့် ညွန်ကြားချက်ရရှိထားကြောင်း တပ်နှင့်နီးစပ်သူများထံမှ သိရသည်။

အများပြည်သူ သိရှိနိုင်ရန်အတွက် တရားဝင်ထုတ်ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က လျှို့ဝှက်ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

"တရားဝင်ကြီး ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး ဒါပေမယ့် ဖားကန့်ထွေအုပ်နဲ့ စစ်တပ်တွေမှာ ပစ်ခွင့်ပြုထားပြီလို့ သိရတယ်" ဟု တပ်နှင့်နီးစပ်သူကပြောသည်။

အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် စစ်ကောင်စီတပ်သည် စစ်အင်အား ဖြည့်တင်းလာခြင်းမျိုးမရှိဘဲ ရှိရင်းစွဲ စစ်အင်အားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဝင်ရောက်ဖမ်းဆီးမူများ လုပ်ဆောင်ခဲ့သော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်အင်အားတိုးလာသည့်အပြင် ည ၈ နာရီနောက်ပိုင်းလည်း ယခင်ထက် စစ်ဆေးမှု ပိုတိုးလာကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ဖားကန့်မြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း မရှိ‌ သော်လည်း အောက်တိုဘာလ ၁ ရက်ညမှစကာ ဖားကန့်မြို့တွင်း မြို့ပြင်များတွင် စစ်သား၊ ရဲများ ညကင်းလှည့်စစ်ဆေးခြင်း ယခင်ထက် ပိုမိုများလာကြောင်း သိရသည်။

အဆိုပါ ကင်းလှည့်သည့် စစ်သား၊ ရဲများသည် အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီဝန်းကျင် ဖားကန့်  မြို့မရပ်ကွက်နှင့် ကလပ်ကုန်းရပ်ကွက်‌ရှိ ပြည်သူများ၏ နေအိမ်များတွင် နိုင်ငံသားစီစစ်ရေးကဒ်များ စစ်ဆေးခြင်းပြုလုပ်ကာ ဆိုင်ကယ်၊ ကားများဖြင့် ကင်းလှည့်‌နေကြောင်း သိရသည်။


Kachin News Group 

ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.