ပျူစခန်းဝင်စီးခံရလို့ စစ်ကြောင်းမှူးက ရဲတဦးကို ဒလံအထင်နဲ့ လည်လှီးသတ်ပြီးမြေမြှုပ်ခဲ့


ပေါက် ၊ အောက်တိုဘာ ၄ ၊ ၂၀၂၂ ။

မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားကျေးရွာပျူစောထီးသင်တန်းစခန်းကို PDF တွေဝင်စီးခံရချိန်မှာ စစ်ကောင်စီ စစ်ကြောင်းမှူးက ရဲတဦးကို ဒလံဆိုပြီး လည်လှီးသတ်ကာ မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂ရက် နေ့လယ်ပိုင်းမှာ ဝင်စီးခံရတာာဖြစ်ပြီး အဲ့ဒီစီးနင်းခံရမှုကို ရဲတပ်သားတဦးက သတင်းပေးနေတာလို့ ဆိုပြီး ပေါက်နဲ့ မြိုင်မြို့နယ် အစပ် သရက်ပင်တောချောင်းနားမှာ သတ်ပြီးမြေမြှုပ်ခဲ့တာဖြစ်ကြောင်းကို စစ်ကောင်စီလက်ထဲက လွတ်မြောက်လာသူတဦးက ပြောတယ်လို့ မြိုင် PDF အဖွဲ့ တာဝန်ခံက ပြောပါတယ်။

" အဖမ်းခံရပြီး ပြန်ပြေးလွတ်လာတဲ့သူက ပြောပြတာ အဲဒီရဲကဖုန်းခဏ ခဏဆက်နေတာ၊ စစ်ကြောင်းမှူးက PDF တွေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို သတင်းပေးတယ်လို့ စစ်ကြောင်းမှူးကထင်တာ၊ ပေါက်မြို့နဲ့မြိုင်မြို့နယ်အစပ် သရက်ပင်တောချောင်းနားမှာ သုံ့ပန်းဖမ်းလာတဲ့လူတွေရှေ့မှာ လည်ပင်းလှီးသတ်ပြီး မြေမြုတ်ထားခဲ့တာ" လို့ မြိုင် PDF တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဝင်စီးခံရချိန်က နေ့လယ် ၁နာရီခွဲဝန်းကျင်က ဖြစ်ကာ အဲ့ဒီရဲတပ်သား သတ်ခံရချိန်က ညနေ ၄နာရီဝန်းကျင်လောက်မှာ ခလရ ၂၅၈ စစ်ကြောင်းမှူးက သတ်ခဲ့တာမြင်ခဲ့တဲ့ ပြန်လွတ်လာသူရဲ့ ပြောပြချက်အရ သေဆုံးရဲသားရဲ့ အလောင်းကို သွားပြန်ဖော်ခဲ့တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းမှာပါတဲ့ ရဲတပ်သားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်မှာ စခန်းကို မီးရှို့ပြီး တပ်ပြန်ဆုတ်သွားခဲ့တဲ့ သရက်ကန်ရဲစခန်းက ရဲတပ်သားတွေနဲ့ စစ်သားတွေလည်းဖြစ်ပါတယ်။ အဲ့ဒီစခန်းကို နောက်ထပ်တပ်ပြန်မဆွဲနိုင်အောင် ကျန်နေတဲ့ အဆောက်အဦတွေကို မြိုင် PDF ကဖြိုဖျက်ပြီး မြေတွေညှိခဲ့ကြပါသေးတယ်။

စက်တင်ဘာ ၂ရက် ဇီးပြားကျေးရွာ ပျူစောထီးစခန်းဝင်စီးခံရမှုကြောင့် စစ်ကောင်စီဘက်က ပျူအပါအဝင် ရဲနဲ့ စစ်သား ၁၇ဦးသေဆုံးပြီး ပျူစောထီး ၅၃ကို အရှင်ဖမ်းဆီးခဲ့ပြီး အဲ့ဒီရက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ အတူ ပြည်သူ ၅၀ကျော် ဓားစာခံအဖြစ်ခေါ်သွားပြီး ပစ္စည်းတွေသယ်ခိုင်းနေတာဖြစ်တယ်လို့ ဗိုလ်လက်ယာဆီက သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပျူစခန်းဝင်စီးခံရလို့ စစ်ကြောင်းမှူးက ရဲတဦးကို ဒလံအထင်နဲ့ လည်လှီးသတ်ပြီးမြေမြှုပ်ခဲ့ ပျူစခန်းဝင်စီးခံရလို့ စစ်ကြောင်းမှူးက ရဲတဦးကို ဒလံအထင်နဲ့ လည်လှီးသတ်ပြီးမြေမြှုပ်ခဲ့ Reviewed by THITHTOOLWIN on 22:46 Rating: 5

No comments:

Powered by Blogger.