ဆားလင်းကြီးမြို့နယ်တွင် ရဲ ၄ ဦးပစ်ခတ်ခံရပြီးနောက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဝင်စီးလို့ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ


အောက်တိုဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေပြုလုပ်ခဲ့လို့ ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းက ရဲ ၄ ဦး ဈေးဝယ်ထွက်ချိန် ပစ်ခတ်ရှင်းလင်းခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်က အနီးဝန်းကျင်က ရွာတွေကို လက်နက်ငယ်တွေပစ်ဖောက်ဝင်ရောက်စီးနင်း တာတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ရဲ ၄ ယောက်ကို ဝင်ပစ်သွားတာ ဘယ်အဖွဲ့မှန်းတော့မသိသေးဘူး လက်နက်တွေပါ ပါသွားတော့ အဲ့တာကို အတင်းလိုက်နေတာ ညောင်ပင်ကြီးအနားက ရွာတွေကို စပြီး ပစ်တာ သေနတ်တွေနဲ့ အဲ့လိုမျိုး ပစ်ဖောက်ပြီး ရွာတွေကို ဝင်စီးတာ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဈေးဝယ်ထွက်လာတဲ့ ညောင်ပင်ကြီးရဲစခန်းက ရဲ ၄ ဦးပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ၁၅ မိနစ်လောက် အကြာမှာ စစ်ကောင်စီတပ်သားတွေက ညောင်ပင်ကြီးကျေးရွာအပါဝင် ထန်းတောကြီး၊ ရုံးပင်ရိုး၊ အောင်ချမ်းစည် စတဲ့ကျေးရွာကြီးတွေကို သေနတ်တွေပစ်ဖောက်ဝင်ရောက်စီးနင်းတာတွေပြုလုပ်ခဲ့လို့ ဒေသခံ တွေက ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။

ရဲ ၄ ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း ၁၅ မိနစ်လောက်အကြာမှာ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်သားတွေက သင်္ဘောတွေနဲ့ ရောက်လာပြီး ဝင်ရောက်စီးနင်းတာတွေပြုလုပ်ခဲ့လို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေက ထပ်မံအင်အားဖြည့်ပြီး တခြား ရွာတွေကိုပါ ဝင်ရောက်စီးနင်းရှာဖွေတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။


Ayeyarwaddy Times 

ဆားလင်းကြီးမြို့နယ်တွင် ရဲ ၄ ဦးပစ်ခတ်ခံရပြီးနောက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဝင်စီးလို့ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ ဆားလင်းကြီးမြို့နယ်တွင် ရဲ ၄ ဦးပစ်ခတ်ခံရပြီးနောက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဝင်စီးလို့ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.