လောင်းလုံးမှာ စွန်ရဲအမည်ခံပျူစောထီး သုံးဦး တပြိုင်တည်း သတ်ခံရ

ဓာတ်ပုံ - သိမ်းဆည်းရရှိခဲ့တဲ့ပစ္စည်းတွေ။

တနင်္သာရီတိုင်းမ်၊ အောက်တိုဘာ ၄

လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာက စွန်ရဲအမည်ခံပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား၂ ဦးတို့ကို ဒီနေ့နေ့လည် ၁ နာရီအချိန်ကရှင်းလင်းခဲ့တယ်လို့ လောင်းလုံးPDFက သတင်းထုတ်ပြန်ပါတယ်။

အသတ်ခံရသူတွေဟာ ဦးသောင်းနိုင်၊ ကိုမင်းနိုင်နဲ့ ဒေါ်တင်ရှိန်တို့ဖြစ်ကြပြီး သူတို့ဟာကျေးရွာအတွင်းမှာ အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထာရပါတယ်။ 

သေဆုံးသူတွေဆီကနေ လက်လုပ် ၉ လုံးကျည်သေနတ် အတိုတစ်လက်၊ ကျည်ဆန် ၃ တောင့်၊ ငွေကျပ် ၆၃၈၀၀၊ ဖုန်း ၂လုံး၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်၊ ဆိုင်ကယ်တစ်စီးနဲ့ပျူစောထီးမှတ်တမ်းစာရွက်စာတမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုရှင်းလင်းမှုကို လောင်းလုံး PDF နဲ့ DDT တပ်ခွဲ ၃ တို့ကပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နောက်ထပ်လည်းစစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီသတင်းပေး နဲ့ ပျူစောထီးတွေကို အလျှင်းသင့်သလို သုတ်သင်ရှင်းလင်းသွားမှာဖြစ်လို့အမြန်ဆုံး အလင်းဝင်ပေးကြဖို့သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေ ပျူစောထီးတွေနဲ့ နီးနီးကပ်ကပ်နေခြင်းအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်တွေကိုကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ ၅ရက်ခန့်ကလည်း လောင်းလုံးမြို့နယ်မှာ ပျူစောထီးအဖွဲ့ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၄ ဦးသေဆုံးကာ ကာဘိုင်သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ပါသေးတယ်။


The Tanintharyi Times

လောင်းလုံးမှာ စွန်ရဲအမည်ခံပျူစောထီး သုံးဦး တပြိုင်တည်း သတ်ခံရ လောင်းလုံးမှာ စွန်ရဲအမည်ခံပျူစောထီး သုံးဦး တပြိုင်တည်း သတ်ခံရ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.