ရွှေဘိုနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်၊ အုပ်ကြီး အပါအဝင် စကစ ခုနှစ်ယောက် ထိပြီး စစ်အုပ်စုက အိမ်နှစ်လုံး မီးရှို့ဖျက်ဆီး၊

အောက်တိုဘာ - ၄

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပလိုင်း ခေါ် ပန်းလှိုင် ကျေးရွာထဲ စီးနင်း အထိုင်ချနေပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီနေ့ နေ့လည်ပိုင်း မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သစ္စာခံ အုပ်ကြီးတစ်ယောက် အပါအဝင် စကစ ခုနှစ်ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ ရွှေဘို SNAKE EYES PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၄)ရက် နေ့လည်ပိုင်းက ရွှေဘိုမြို့နယ် အနောက်တောင်ဘက်ခြမ်း ပလိုင်း ပျူရွာထဲ အုပ်ချုပ်ရေးမှူးရုံးထဲက စစ်အုပ်စုနှင့် ကန်သာရွာ တံတားထိပ် ထွက်လာတဲ့ စကစတွေကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပျူရွာဖြစ်သော ပလိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရုံးအတွင်း (၁၂)နာရီကျော်တွင် ပျူနှင့် စခများကို မိုင်းဖြင့် တစ်ကြိမ် ကြိုဆိုဧည့်ခံရာ စခနှင့်ပျူများ ထိခိုက်မှု ရှိခဲ့ပြီး ဆက်လက်၍ နေ့လည် (၃)နာရီခန့်တွင် ပလိုင်းကျေးရွာ ခွေးခြံမှ ထွက်လာသော ပျုနှင့် စခများကို  ကန်သာကျေးရွာ တံတားထိပ် အရောက်တွင် အသင့် စောင့်ဆိုင်းကာ မိုင်းဖြင့် ထပ်မံ ဧည့်ခံရာ ပျုနှင့်စခများ ထပ်မံ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ အဆိုပါ မိုင်းဖြင့် နှစ်ကြိမ် တိုက်ခိုက်မှုတွင် စကစ'ခန့် ကန်သာ အုပ်ချုပ်ရေးမှုးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စခ ခြောက်ကောင် ဒဏ်ရာ ရရှိခဲ့ပါသည်။ အထိနာသွားသော စခများသည် ကန်သာကျေးရွာရှိ ပြည်သူများ၏ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ပလိုင်းကျေးရွာ ခွေးခြံထဲသို့ ဝင်ရောက်သွားခဲ့ပါသည်” လို့ ရွှေဘို SNAKE EYES PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို SNAKE EYES (LPDF)၊ C & T SHWEBO (LPDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေး တပ်ဖွဲ့၊ MDF - Shwebo၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ(၃)နှင့် ရွှေဘိုမြို့နယ် တိုက်နယ် (၂) ပ.က.ဖ. အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ းဖြစ်ပြီး ကာကွယ်ရေး ရဲဘော်တွေ အထိ‌အခိုက် မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


Mandalay Free Press - MFP

ရွှေဘိုနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်၊ အုပ်ကြီး အပါအဝင် စကစ ခုနှစ်ယောက် ထိပြီး စစ်အုပ်စုက အိမ်နှစ်လုံး မီးရှို့ဖျက်ဆီး၊ ရွှေဘိုနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်၊  အုပ်ကြီး အပါအဝင် စကစ ခုနှစ်ယောက် ထိပြီး စစ်အုပ်စုက အိမ်နှစ်လုံး မီးရှို့ဖျက်ဆီး၊ Reviewed by THITHTOOLWIN on 22:35 Rating: 5

No comments:

Powered by Blogger.