အစည်းအဝေးလုပ်ပြီးပြန်လာသည့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ပစ်ခတ်ခံရ၊ ရဲတစ်ဦးသေ


ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကုန်းအင်းကျေးရွာအနီးတွင် ယနေ့အောက်တိုဘာလ ၅ ရက်နေ့၊ နေ့လည်ပိုင်းက အစည်းအဝေးလုပ်ပြီးပြန်လာသည့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ပစ်ခတ်ခံရကာ ရဲတစ်ဦးသေပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကုန်းအင်းကျေးရွာအနီး မင်းလမ်းကျေးရွာကြား၌ အစည်းအဝေး လုပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများကို ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ(၁)က ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲ(၁)ဦးသေ၊ ရဲ(၂)ဦး၊ ပျူစောထီး (၁)ဦးစိုးရိမ်ဒဏ်ရာရ၍ ပေါက်ခေါင်းဆေးရုံတွင် ဆေးကုနေရသည် ဟု သိရသည်။

ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ(၁)မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။


Tachileik News Agency 

အစည်းအဝေးလုပ်ပြီးပြန်လာသည့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ပစ်ခတ်ခံရ၊ ရဲတစ်ဦးသေ အစည်းအဝေးလုပ်ပြီးပြန်လာသည့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ပစ်ခတ်ခံရ၊ ရဲတစ်ဦးသေ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.