ကော်ဘရာစစ်ကြောင်း တိုက်ခိုက်လို့ စစ်ကောင်စီအဖွဲ့ ၂ ယောက်သေပြီး ၈ ယောက်ဒဏ်ရာပြင်းထန်


မဲခေါင်၊ အောက်တိုဘာ ၄

Cobra စစ်ကြောင်း​ရဲ့ ဦးဆောင်မှုနဲ့ Federal Wings ဒရုန်းအဖွဲ့နဲ့ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့ ဒီနေ့မှာ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ခမရ (၁၀၂) မှ (၂) ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၈) ဦးရှိတယ်လို့ မြေပြင်သတင်းကို အခြေခံပြီး ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဲ့ဒီ့ ပြင်းထန်ဒဏ်ရာရသူ (၈) ဦးထဲမှာ ခမရ (၁၀၂) အရာရှိ တစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် (၇) ဦးဖြစ်တယ်လို့ သိရပါတယ်။

တပ်မ (၄၄) ရဲ့ နည်းဗျူဟာ (၄၄၁) တည်ရှိရာ မြွေသုံးကောင် ဘုရားကုန်းကို နေ့လယ်ပိုင်းမှာ Federal Wings Drone အဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


MeKong News - မဲခေါင်သတင်း

ကော်ဘရာစစ်ကြောင်း တိုက်ခိုက်လို့ စစ်ကောင်စီအဖွဲ့ ၂ ယောက်သေပြီး ၈ ယောက်ဒဏ်ရာပြင်းထန် ကော်ဘရာစစ်ကြောင်း တိုက်ခိုက်လို့ စစ်ကောင်စီအဖွဲ့ ၂ ယောက်သေပြီး ၈ ယောက်ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.