မွန်အမျိုးသားမူလတန်းကျောင်းကို အာဏာသိမ်းစစ်ကောင်စီက မီးရှို့


မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ မွန်အမျိုးသားမူလတန်းကျောင်းကို အာဏာသိမ်းစစ်ကောင်စီက ယနေ့အောက်တိုဘာလ ၇ ရက်နေ့က မီးရှို့သွားကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းက သတင်းထုတ်ပြန်သည်။

ရေးမြို့နယ်တောင်ပိုင်း၊ ရင်းဒိန်းကျေးရွာ၊ ဓမင်းဆိပ်ရှိ မွန်အမျိုးသားမူလတန်းကျောင်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသဖြင့် ဝမ်းနည်းမိကြောင်း သတင်းထုတ်ပြန်ထားသည်။

၎င်းအမျိုးသားရေးအမွေအနှစ် ထိန်းသိမ်းပြန့်ပွားရာနေရာဖြစ်သည့်  မွန်အမျိုးသားစာသင်ကျောင်းအား အကြမ်းဖက်မီးရှို့ခြင်းသည် လူ မဆန်သောလုပ်ရပ်ကြီးတစ်ခုဖြစ်သည်ဟု ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပါအဝင် လူမျိုးဆိုင်ရာ အမွေအနှစ်များဖြစ်သော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို လေးစား တန်ဖိုးထားရမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။


Tachileik News Agency 

မွန်အမျိုးသားမူလတန်းကျောင်းကို အာဏာသိမ်းစစ်ကောင်စီက မီးရှို့ မွန်အမျိုးသားမူလတန်းကျောင်းကို အာဏာသိမ်းစစ်ကောင်စီက မီးရှို့ Reviewed by THITHTOOLWIN on 19:26 Rating: 5

No comments:

Powered by Blogger.