ခေါဇာမြို့မှာ မွန်ပြည်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ် နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့


ခေါဇာ - အောက်တိုဘာ (၃)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့မှာ ဒီကနေ့ အောက်တိုဘာလ (၃) ရက်နေ့ ညနေ ၅ နာရီလောက်က မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းအဖွဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီ ခလရ - ၃၁ တပ်ရင်းတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSDF-S က သတင်းထုတ်ပြန်ထားပါတယ်။ 

နာရီဝက်နီးပါးကြာမြင့်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဆုံးပြီး  MSDF တောင်ပိုင်းက ရဲဘော် နှစ်ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အင်အားမမျှတဲ့အတွက် လုံခြုံစိတ်ချရတဲ့ နေရာကို ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) ရက်နေ့ကလည်း ခေါဇာမြို့ ရဲစခန်းကို  မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းက ပထမဦးဆုံး စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်သား‌တွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပေမယ့် အရေအတွက်အတိအကျကို စုံစမ်း‌နေဆဲဖြစ်တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း)ဟာ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံဓိဌာန်ချထားတဲ့ မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်အတွင်းက ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်တစ်ခု ဖြစ်ပါတယ်။ 


Than Lwin Times 

ခေါဇာမြို့မှာ မွန်ပြည်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ် နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့ ခေါဇာမြို့မှာ မွန်ပြည်တပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ် နှစ်ဖက် ထိခိုက်ကျဆုံးရှိခဲ့ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.