မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရလို့ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး အလောင်းတွေကို နာရေးကားနဲ့ခွဲသယ်နေရ

အောက်တိုဘာ ၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းဖြတ်လာတဲ့ စစ်ကောင်စီကား ၆ စီးကို အောက်တာဘာလ ၂ ရက် မနေ့ကနေ့လည်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုလာတဲ့ အဲ့ဒီစစ်ကားတွေကို နေ့လည် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ နဲ့ နတ်ရေကန်ကျေးရွာအကြားအရောက် မိုင်း ၅ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်တိုက်ဂါးကပြောပါတယ်။ 

“ကား ၂ စီးအပြင်းအထန်ထိသွားတယ်၊ နတ်ရေကန်ဘက်ရောက်တော့ ထိခိုက်သေဆုံးတဲ့သူတွေကို နာရေးကား ၂ စီးနဲ့ ခေါက်တုန့်ခေါက်ပြန်သယ်နေတာတွေ့ရတယ်၊ ကျနော်တို့ စုံစမ်းရတာကတော့ အပြင်းအထန်ဒဏ်ရာနဲ့ ၁၅ ကောင်သေတယ်” လို့ ပြောပါတယ်။ 

အဲ့ဒီတပ်သားတွေက စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီးနောက် ချောင်းဦးမြို့ဘက်ကို ဗိုပြန်ဆုတ်သွားကြတယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် နဲ့ Saw Bwar Gyi (MPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်မှာလည်း စစ်ကောင်စီဗိုလ်မှူးတဦးလိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးနဲ့ ရိက္ခာကား ၁ စီးကို မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ နတ်ရေကန်အကြားမှာပဲ T.G.R အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရလို့ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး အလောင်းတွေကို နာရေးကားနဲ့ခွဲသယ်နေရ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရလို့ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး အလောင်းတွေကို နာရေးကားနဲ့ခွဲသယ်နေရ Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.