ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

OCT 5.2022

ကသာမြို့နယ် မင်္ဂလာသုခကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။

စစ်အင်အား ၂၀၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မင်္ဂလာသုခကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

''စစ်ကြောင်းက ကသာမြို့ထဲကနေ မဂ်လာသုခ ၊ သာစည်ဘက်ကိုစစ်ကြောင်းထိုးလာတာ ခြေလျှင်တက်လာတာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းကြိုရတော့မိုင်းဆွဲတိုက်ခိုက်လိုက်တာ ထိခိုက်သေဆုံးတော့ရှိတယ်။ ဘယ်လောက်ဆိုတာတော့သိကျမသိရသေးဘူးနယ်မြေရှင်းလင်းရေးလုပ်မှသိရမှခုက စစ်ကြောင်းက အဲ့အနီးရွာတွေမှာရှိနေသေးတော့ နယ်မြေရှင်လင်းလို့မရသေးဘူး'' ဟု ပြောသည်။

စစ်ကြောင်းသည် လက်ရှိမင်္ဂလာသုခကျေးရွာသို့ ဝင်ရောက်တပ်စွဲနေပြီး မဂ်လာဒုံအပါစုစုပေါင်း ကျေးရွာသုံးရွာမှ ကျေးရွာနေပြည်သူများလည်း ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းသိရသည်။


Kachin News Group 

ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက် ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.