ပျူတွေကိုသင်တန်းပေးနေတဲ့စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဝင်တိုက်၊ပျူအဖွဲ့ဝင် ၅၀ ကျော်အရှင်ဖမ်းမိ

ပေါက်၊ အောက်တိုဘာ ၃

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာတွင် ပျူစောထီးဆိုသူ အယောက် (၉၀) ကျော်ကို သင်တန်းပေးနေသည့်စခန်းအား အောက်တိုဘာ ၂ ရက်၊ မွန်းလွဲပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီး နင်းခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် (၅၃) ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

“အဲ့ဒီရွာမှာ ရဲစခန်းလည်းရှိတော့ စစ်ကောင်စီနဲ့ပေါင်းပြီး သင်တန်းပေးနေတာ။ ရွာကဒေသခံအများစုကတော့ တောင်တွေထဲမှာ၊ တခြားဒေသမှာရှိတဲ့ဆွေမျိုးတွေဆီမှာ၊ နီးစပ်တဲ့ရွာတွေမှာတိမ်းရှောင်နေကြရတယ်။ အရှင်ဖမ်းမိတဲ့သူတွေကတော့ အေးအေးဆေးဆေးပါပဲ လက်ရှိကျွန်တော်တို့နဲ့အတူရှိနေပါတယ် ” ဟု ၎င်းကထပ်မံပြောသည်။

အဆိုပါကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များသည် ၎င်းတို့ကိုဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာအ တွင်းနေထိုင်ခွင့်မပြုခဲ့ခြင်းတို့ကို အကြိမ် ကြိမ်ပြုလုပ်ခဲ့သည်အပြင် တိမ်းရှောင်သွားသည့်ရွာခံများ၏နေအိမ်များမှ စပါးများကို ခိုးယူခြင်း၊ နေအိမ်ကြမ်းခင်းများကိုခွာယူ၍ လူသုံးကုန်ပစ္စည်းများပင်ပြုလုပ်ထားကြကြောင်း ၎င်းက ရှင်းပြသည်။

“အစတုန်းကတော့ သူတို့ကိုလန့်အောင်လုပ်တာပါ။ ကျွန်တော်တို့တိုက်တာမဟုတ်ပါဘူး။ နေ့ခင်း ၁ နာရီ ၂၈ မိနစ် လောက်ကနေစပြီး လက်လုပ် လက် နက်ကြီး ၄၀ လောက်နဲ့ဝိုင်းပစ်ကြတာ။ တဖြည်းဖြည်းနဲ့ အားပါလာပြီးဝင်စီးတာပါ” ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပျူစောထီးစခန်းက အရှင်ဖမ်းမိခဲ့သည့် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၂၅ ဦးတို့ကို ထိန်းသိမ်းထားပြီး ပြည်သူ့ ဘက်တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်ပေးမည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ကာ ဆက် လက်၍ စစ်ကောင်စီထောက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံကတိများပြုလုပ်ထားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပျူစောထီးသင်တန်းစခန်းနှင့် ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီလက်အောက်ရှိ စစ်သား၊ ရဲ နှင့် ပျူစောထီး စုစုပေါင်း ၁၇ ဦးခန့်သေ ဆုံးနိုင်ပြီး ရဲစခန်းအားသိမ်းပိုက်နိုင်သည့် အခြေအနေရှိခဲ့သော်လည်း ခဲယမ်းလိုအပ်ချက်အရ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

“တစ်ယောက်ကို ကျည် တစ်တောင့်၊ နှစ်တောင့်၊ သုံးတောင့် နောက်ဆုံးသေ နတ်နဲ့ရိုက်ရမယ့်အခြေအနေကျမှ ကျွန်တော်တို့ပြန်ဆုတ်တာ။ ခဲယမ်းသာပြည့် စုံရင် သူတို့စခန်းအမှုန့်တောင်ချေလိုက်လို့ရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာအတွင်းရှိ ပျူစောထီး၏နေအိမ်များကိုလည်း ရွာခံများကိုယ်တိုင်ဖျက်ဆီးခဲ့ပြီး ၅ နာရီခွဲဝန်းကျင် ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း ကျည်မျိုးစုံ (၁၇၀၀၀) ထက်မနည်းကုန်ဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Lu Nge Khit

ပျူတွေကိုသင်တန်းပေးနေတဲ့စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဝင်တိုက်၊ပျူအဖွဲ့ဝင် ၅၀ ကျော်အရှင်ဖမ်းမိ ပျူတွေကိုသင်တန်းပေးနေတဲ့စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဝင်တိုက်၊ပျူအဖွဲ့ဝင် ၅၀ ကျော်အရှင်ဖမ်းမိ Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.