ပတ်ဝန်းကျင်ရွာတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ် တွေတိုက်ခိုက်


ပေါက် - အောက်တိုဘာ(၃) 

ဒေသတွင်းကျေးရွာတွေကိုအနိုင်ကျင့်ဗိုလ်ကျတာတွေလုပ်ဆောင်နေတဲ့ ပျူစောထီးရွာကို ကာ ကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး  ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးသေဆုံးကာ အယောက်(၅၀) ကျော်အရှင်ဖမ်းဆီးရမိ ခဲ့တယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိုင် မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ဇီးပြားရွာဟာ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ရဲ့ ပစ္စည်းတွေကိုလုယက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေလုပ်ဆောင်ပြီး အနိုင်ကျင့်ဗိုလ် ကျနေတာပါ။ 

"ဒီပတ်ဝန်းကျင်ရွာတွေကို သူတို့ကနိုင့်ထက်ပြုကျင့်တာများပြီ။လူသတ်တာတွေကို အိမ်ပျဉ်ခွာ တာတွေကောလုပ်လို့ ဝင်တိုက်ခိုင်းလို့ကျွန်တော်ကိုခေါ်လို့ ဝင်တိုက်ပေးတာ။ ပျူစောထီး ရွာလို့ သတ်မှတ်လို့ရတယ်။ ပြည်သူဘက်ကပေါင်းတဲ့သူတွေက တောတွေတောင်တွေ၊ တခြားမြို့တွေ မှာရှောင်နေကြရပြီ။ သူတို့ပျူစောထီးတွေပဲကျန်နေတာ။"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိုင်မြို့နယ်က ဗိုလ်လက်ျာက သံလွင်တိုင်းမ်ကိုပြောပါတယ်။ 

ဒါ့အပြင် ဇီးပြားရွာဟာ ပျူစောထီးတွေကို သင်တန်းပေးတာ၊ ဘေးပတ်ဝန်းကျင်ကျေးရွာက ပြည်သူတွေရဲ့ ဆန်၊ဆီတွေကို သယ်ယူတာ၊ နေအိမ်တွေကိုမီးရှို့တာတွေလုပ်နေတဲ့ ကျေးရွာ ဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

အဲ့ဒီရွာကို တိုက်ခိုက်မှုတွေမလုပ်ခင် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာတွေရှိပြီး ပြည်သူတွေ ဒုက္ခရောက်နေကြတာတွေကို တိုင်ကြားတာတွေကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ 

တိုက်ပွဲကြာချိန် (၅) နာရီကျော်အတွင်း ပျူစောထီးတွေပိုင်ဆိုင်တဲ့ နေအိမ်တွေကို ရွာခံတွေက ဖျက်ဆီးပေးထားပြီး ရဲစခန်းကို သိမ်းပိုက်နိုင်မယ့်အခြေအနေထိရှိခဲ့ပေမယ့် ခဲယမ်းအားနည်း လာတာကြောင့် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်က ဖော်ပြထားပါတယ်။ 

ဇီးပြား ပျူစောထီးရွာကို မြိုင်ပကဖတပ်ရင်း(၁) ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ ပျူစောထီးတွေအနေနဲ့ ပြည်သူ့ဘက်တော်သားအဖြစ်ရပ်တည်မယ်ဆိုရင်တော့ အသက် အာမခံချက်ပေးပြီး ကူညီစောင့်ရှောက်ပေးသွားမယ်လို့ သိရပါတယ်။ 


သတင်း - သံလွင်တိုင်းမ်


ပတ်ဝန်းကျင်ရွာတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ် တွေတိုက်ခိုက်  ပတ်ဝန်းကျင်ရွာတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ် တွေတိုက်ခိုက် Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.