တနင်္သာရီမြို့နယ်တွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ


တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီက လက်နက် တပ်ဆင်ပေးထားသည့် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း နဂါးစစ်သည် တနင်္သာရီစစ်ကြောင်း (၂)က ယနေ့(အောက်တိုဘာ ၅)ထုတ်ပြန်သည်။

ယမန်နေ့ညနေ ၃ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်နှင့် ပြည်သူ့စစ်ဟုဆိုသူ ကိုနိုင်(ခ)မတ်အိရှာ အသက် (၃၅)နှစ်အား စစ်ကြောင်း(၂)မဟာမိတ် တပ်ပေါင်းစု  နဂါးစစ်သည်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

"ကိုနိုင်(ခ)မတ်အိရှာဆိုသူ မှာ ညနေရေချိုးဆင်းလာချိန်တွင်ဖမ်းဆီးခဲ့ကြပြီး ၄င်းနဲ့အတူ M-16 သေနတ် (၁) လက် ၊လက်ပစ်ဗုံး (၁)လုံး၊ အီကွန်းမင်း (၁)စုံ၊ ကျဥ်ဘောက် (၅)ဘောက်၊ကျည်(၁၅၇) တောင့်ကိုပါသိမ်း ဆည်းခဲ့ရပါတယ်"ဟု ဆိုသည်။

ဖမ်းဆီးရမိသူအား နဂါးစစ်သည်များက သက်ဆိုင်ရာသို့ပို့ဆောင်ထိန်းသိမ်းထားပြီဖြစ်ကြောင်း အသိပေးထားပြီး အသေးစိပ်အခြေအားသိရှိရန် နဂါးစစ်သည် တနင်္သာရီ စစ်ကြောင်း(၂)မဟာ မိတ်တပ်ပေါင်းစုထံ ဆက်သွယ်ထားသော်လည်း အဆက် အသွယ်မရသေးပေ။


People's Spring 

တနင်္သာရီမြို့နယ်တွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ တနင်္သာရီမြို့နယ်တွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.