ပုလောမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက်သေ၊ ဗိုလ်နေအောင်လင်းရဲ့ လက်ထပ်စာချုပ်၊ အုန်းဆီပုလင်းနဲ့ မှန်တို့ပါ သိမ်းမိ


မဲခေါင်၊ အောက်တိုဘာ ၄

ပုလောမြို့နယ်ကနေ မြိတ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ် ၃ စီးကို ပူရိယက္ခညီနောင် စစ်ကြောင်းက မနေ့ (အောက်တိုဘာ ၃) က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့က ၁၀ ယောက်လောက်သေပြီး စစ်လက်နက်အချို့ကိုလည်း သိမ်းမိတယ်လို့ သိရပါတယ်။

အင်အား ၃၀ လောက်ပါတဲ့ အဲ့ဒီ့စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့နယ်၊ ကဒဲရွာနဲ့သင်္ကန်းတောရွာကြားမှာ KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင် စစ်ကြောင်းမှူး ဗိုလ်ဝေလ ဦးဆောင်ပြီး ပုလောအခြေစိုက် PDF တပ်ခွဲ ၃၊ PRDF ၊ ပကဖ မိုးကြိုးအဖွဲ့နဲ့ ပကဖ Ghost Ranger အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဟာ ညနေ ၃ နာရီကနေ ည ၇ နာရီလောက်ထိ ပြင်းထန်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူလာတဲ့ စစ်ကောင်စီအဖွဲ့ကိုလည်း အရိမ်မဲ့ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ပွဲပြီးဆုံးချိန်မှာ စစ်ကောင်စီယာဉ်တန်းနားမှ စက်သေနတ် ကျည်တောင့် ၇၀ ကျော်၊ လက်နက်ကြီးကျည် တစ်ခု၊ စစ်ဘက်သုံး ဗုံးတစ်လုံး၊ သေတ္တာတစ်လုံးတို့ကို သိမ်ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သိမ်းမိတဲ့သေတ္တာအတွင်းမှ ဗိုလ်နေအောင်လင်းနဲ့ ဟန်နီဝင်းပြည့်တို့ရဲ့ လက်ထပ်စာချုပ်အပြင်၊ အုန်းဆီပုလင်းနဲ့ မှန်တို့ကိုပါ သိမ်းမိတယ်လို့ ပူရိယက္ခညီနောင် စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင် စစ်ကြောင်းမှ ပုလောအခြေစိုက် PDF မဟာမိတ်များအကူအညီနဲ့ မြိတ် - ထားဝယ် ကားလမ်းမကြီးကို ည ၈ နာရီမှ မနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတယ်လို့ သိရပါတယ်။


MeKong News - မဲခေါင်သတင်း

ပုလောမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက်သေ၊ ဗိုလ်နေအောင်လင်းရဲ့ လက်ထပ်စာချုပ်၊ အုန်းဆီပုလင်းနဲ့ မှန်တို့ပါ သိမ်းမိ ပုလောမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက်သေ၊ ဗိုလ်နေအောင်လင်းရဲ့ လက်ထပ်စာချုပ်၊ အုန်းဆီပုလင်းနဲ့ မှန်တို့ပါ သိမ်းမိ Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.