ပုလောမှာ ကင်းစောင့်နေတဲ့စစ်ကောင်စီအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွား

ဓာတ်ပုံ - Palaw-KPDF

တနင်္သာရီတိုင်းမ်၊ အောက်တိုဘာ ၄

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သား၊ ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့ကမနက် ၇နာရီဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Palaw-KPDF အဖွဲ့ ကသတင်းထုတ်ပြန်ပါတယ်။

နန်းပရုတ်ကျေးရွာအနီးမှာ လမ်းကင်းလာယူတဲ့ စစ်ကောင်စီအုပ်စုနဲ့ K-PDF ဗိုလ်ခေါင်းဖြူစစ်ကြောင်းတို့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၇ မိနစ်ခန့်ရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဘက်က သေဆုံးမှုရှိခဲ့ပြီး အတိအကျကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။

" နယ်မြေရှင်းလင်းတဲ့အချိန်မှာတော့ သွေးတွေအများကြီးတွေ့တယ်။ တစ်ဦးသေနိုင်ပြီး ၃ဦးဒဏ်ရာအပြင်းအထန်ရနိုင်တယ်လို့ခန့်မှန်းရပါတယ်" လို့ K-PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

သွားရောက်တိုက်ခိုက်ခဲ့တဲ့ Palaw K-PDF ဗိုလ်ခေါင်းဖြူစစ်ကြောင်းဘက်ကတော့ထိခိုက်မှုမရှိပဲပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


The Taninitharyi Times

ပုလောမှာ ကင်းစောင့်နေတဲ့စစ်ကောင်စီအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွား ပုလောမှာ ကင်းစောင့်နေတဲ့စစ်ကောင်စီအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.