မြိုင်က ပျူစောထီးစခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊ ပျူစောထီးနေအိမ် ၇ လုံးမီးလောင်ပျက်ဆီး


မြိုင်၊ အောက်တိုဘာ ၇၊ ၂၀၂၂။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ ဝက်ပုတ်ကျေးရွာကပျူစောထီးစခန်းကို အောက်တိုဘာလ ၅ ရက်ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်၊၊

အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၇၀ ဝန်းကျင်တပ်စွဲနေပြီး၊ သူတို့ကို ည ၉ နာရီလောက်မှာ ၆၀ မမ၊ ၈၀ မမ စတဲ့လက်နက်ကြီးတွေနဲ့ အချက် ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ဗိုလ်မီးပွားက ပြောပါတယ်၊၊

“ကျနော်တို့ ည ၉ နာရီဝန်းကျင်မှာစပစ်တာ၊ လက်နက်ကြီးတွေ Rocket တွေနဲ့လည်းထုခဲ့တယ်၊ ၈၀ မမ ၆၀ မမ ၁၂၀ မမ တွေနဲ့ထုခဲ့တယ်၊ စစ်သားနဲ့ပျူအင်အား ၇၀ ဝန်းကျင်ရှိတယ်၊ ပစ်ခတ်တိုက်ခိုက်တာ ၄၅ မိနစ်ကြာခဲ့တယ်၊ သေဆုံးမှုကမသိရသေးဘူး၊ ဒဏ်ရာရတာတော့ရှိတယ်လို့ကြားရတယ်” လို့ ပြောပါတယ်၊၊

ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုအတည်မပြုနိုင်သေးပေမယ့် အဲ့ဒီရွာက ပျူစောထီးနေအိမ် ၇ လုံးကတော့ မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဗိုလ်မီးပွားကပြောပြပါတယ်၊၊ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်သားတွေတပ်စွဲနေတဲ့ မြိုင်မြို့နယ်၊ အနောက်တောင်ပိုင်းရှိ သရက်ကန်ရွာက ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်၊၊


မြေလတ်အသံ - Myaelatt Athan 

မြိုင်က ပျူစောထီးစခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊ ပျူစောထီးနေအိမ် ၇ လုံးမီးလောင်ပျက်ဆီး မြိုင်က ပျူစောထီးစခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရ၊ ပျူစောထီးနေအိမ် ၇ လုံးမီးလောင်ပျက်ဆီး Reviewed by THITHTOOLWIN on 19:29 Rating: 5

No comments:

Powered by Blogger.