ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်

OCT 4.2022

ဖားကန့်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ရဲများသည် ကချင်လူငယ်တစ်ဦးကို အကြောင်းမဲ့ပစ်သတ်သွားပြီး ရုပ်အလောင်းကိုလည်း မိသားစုဝင်များကို ပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ဖားကန့် မြို့မရပ်ကွက်၊ ကလပ်ကုန်းတွင် ဆိုင်ကယ်၊ ကားဖြင့် ကင်းလှည့်ပတ်နေသည့် စစ်ကောင်စီရဲနှင့် စစ်သားများက ဆိုင်ကယ်စီးနင်လာသည့် လူငယ်တစ်ဦးကို စစ်ဆေးရန်တားစီးစဥ် ယင်းလူငယ်သည် ကြောက်လန့်သဖြင့် ဆိုင်ကယ်မောင်းပြေးရာ စစ်ကောင်စီတပ်က ထိုနေရာတွင် ပစ်သတ်လိုက်ကြောင်းဖြစ်စဥ်သိရှိသူ အေးမြသာယာရပ်ကွက်မှအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

''ဖြစ်စဥ်က ရွာထဲကို ဆိုင်ကယ်သမားကဆိုင်ကယ် စီးဝင်လာတာ သူတို့ကိုတွေ့တဲ့ချိန် ဆိုင်ကယ်သမားကို စစ်ဆေးဖို့ရပ်ခိုင်းတာ မရပ်လို့ပစ်လိုက်တာ သေသွားတယ်။ သေသွားတော့အလောင်းကို တိတ်တွေပစ်ထုတ်ပိုးပြီး ဆိုင်ကယ်နဲ့သယ်ယူသွားတာ'' ဟု ပြောသည်။

ပစ်သတ်ခံရသည့် လူငယ်မှာ ကလပ်ကုန်းရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် မောင်မရန်ဆိုင်းဂူ ဖြစ်သည်။

ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်တွင် သြဂုတ်လ ၁ ရက်နေ့က ကင်းလှည်နေသည့် စစ်ကောင်စီယာဥ်တန်း မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖားကန့်မြို့တွင်း၌ အစစ်အဆေးများလာပြီး လှည့်ကင်း ပတ်ကင်းလည်း ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။


Kachin News Group 

ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ် ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ် Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.