ကြီးကျေးရွာနှင့် ကျောက်ထုကျေးရွာကြားတွင် စစ်ကောင်စီတပ်ကို ကျောက်ထုPDF မှ မိုင်းဆွဲတိုက်ခိုက်ရာ ၅ဦးသေဆုံး


စက်တင်ဘာ ၉၊ ၂၀၂၂ ခုနှစ်။

ကြီးကျေးရွာမှ ထွက်လာကြသော စစ်ကောင်စီတပ်ကို စက်တင်ဘာလ ၇ ရက်နေ့တွက် ​ကြီးကျေးရွာနှင့်ကျောက်ထုအကြား၌ ကျောက်ထု PDF က ပဒေသာမိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နေ့လည် ၂နာရီခန့်တွင် ကျောက်ထုPDF (YRPA) မှခင်းထားသော ပဒေသာမိုင်းကြီး မိုင်းကွင်း ၃ ကွင်းအတွင်း

စစ်ကောင်စီတပ်များရောက်ချိန်ဖောက်ခွဲခဲ့ရာ စစ်အုပ်စုမှ ၅ ဦးသေဆုံးကြောင်း သိရသည်။

ကျောက်ထုအမြှောက်တပ်ထဲမှ စစ်ကောင်စီတပ်သား ၇၉ ဦးခန့် မိအယ်ကျေးရွာတွင် ကြက်ဝက်များခိုးယူစားသောက်မွှေနှောက်၍ ညအိပ်ကြပြီး ရွှေအောင်သာကျေးရွာမှ ကျောက်ထုဘက်ထွက်လာကြသည်။

ထို့နောက် ကြီးကျေးရွာတွင် ရောက်ရှိပြီး ကျေးရွာတွင်းအိမ်တစ်အိမ်တွင် စုနေကြကာ ပြည်သူများထံမှ လက်ဝက်ရတနာ ရွှေ ၅ ကျပ်သားနှင့် ငွေကျပ် သိန်း ၂၀ ကို သေနတ်ထောက် ဓားမြတိုက်ယူဆောင်သွားကြောင်း ကျောက်ထု PDF ကထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet News

ကြီးကျေးရွာနှင့် ကျောက်ထုကျေးရွာကြားတွင် စစ်ကောင်စီတပ်ကို ကျောက်ထုPDF မှ မိုင်းဆွဲတိုက်ခိုက်ရာ ၅ဦးသေဆုံး ကြီးကျေးရွာနှင့် ကျောက်ထုကျေးရွာကြားတွင် စစ်ကောင်စီတပ်ကို ကျောက်ထုPDF မှ မိုင်းဆွဲတိုက်ခိုက်ရာ ၅ဦးသေဆုံး Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.