ကသာခရိုင်ကြားရှိ ကျေးရွာ နှစ်ရွာကြားတွင် မြို့လှPDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်အုပ်စုမှ ၄ဦးသေဆုံး


စက်တင်ဘာ ၉၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ချောင်းဝရွာ နှင့် ရွေကူမြို့နယ်၊ မင်းကျောင်းကုန်း ကျေးရွာကြားတွင်မြို့လှ K-PDF အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွား ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ဒါဏ်ရာရသူ ၅ ဦးခန့်ရှိကြောင်း K PDF က ယနေ့ ထုတ်ပြန်ခဲ့သည်။

ကသာခရိုင်မိုးဒါးလေး မြေနူ့ကျေးရွာဘက်တွင် ယာယီတပ်စွဲနေထိုင်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ကချင်ပြည်နယ်အစပ် ချောင်းဝ ကျေးရွာ နှင့်မင်းကျောင်းကုန်းရွာဘက်သို့ အင်အား ၈၃ ယောက်ဖြင့် ထိုးစစ်ဆင်လာကြစဥ် မြို့လှ K-PDF တပ်ရင်း တပ်ခွဲ ၁

နှင့် ဒေါင်းညို အဖွဲ့တို့က မိုင်းအကြီး ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီဘက်မှ Jet fighter ဖြင့်ဗုံးကျဲ၍ မပေါက်ကွဲသေးသောလေယာဥ်မိုင်းတစ်လုံးအား ဆွဲမိုင်း အသွင်ပျောင်း၍ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ နှစ်ဖွဲ့ခွဲကာ ချောင်းဝကျေးရွာသို့ တပ်ဆုပ်ခွါ သွားကြပြီး ပူးပေါင်းတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


သံလွင်ခက် - Than Lwin Khet News

ကသာခရိုင်ကြားရှိ ကျေးရွာ နှစ်ရွာကြားတွင် မြို့လှPDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်အုပ်စုမှ ၄ဦးသေဆုံး ကသာခရိုင်ကြားရှိ ကျေးရွာ နှစ်ရွာကြားတွင် မြို့လှPDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်အုပ်စုမှ ၄ဦးသေဆုံး Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.