စက်တင်ဘာ - ၇
မန္တလေးတိုင်း မြင်းခြံနယ်မှာ ဗိုလ်နဂါး PDF အဖွဲ့ဆိုပြီး ကုန်စုံဆိုင်တစ်ဆိုင်ကို ပျူစောထီးတွေက ဓားပြတိုက်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ညောင်တိုရွာက ပျူစောထီးအဖွဲ့ဝင် လေးဦးဟာ ညောင်ကားယားရွာက ဗိုလ်နဂါး PDF အဖွဲ့ဆိုပြီးတော့ ရန္တပိုရွာက ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
ဓားပြတိုက်ခဲ့သူ လေးဦးအနက် နှစ်ဦးကို ဖမ်းမိထားပြီး နောက်ထပ်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မြင်းခြံနယ်ဟာ ပျူစောထီး ကြီးစိုးတဲ့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ (၂၈)ရက်မှာ မြို့မစျေးတောင်ဘက်က ဝိန့်ဆန်းရွှေဆိုင်ကို ဓားပြတိုက်မှုဖြစ်ခဲ့ပြီး အဲဒီဓားပြမှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ပျူစောထီးအချင်းချင်း စက်တင်ဘာလ (၃) ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကာ ပျူတစ်ယောက် ထွက်ပြေးနေရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment