Ooredoo မြန်မာကိုအမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ စင်္ကာပူကုမ္ပဏီကိုရောင်းတော့မယ်


ရန်ကုန် - စက်တင်ဘာ(၈) 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ခုတည်းသာကျန်တော့တဲ့ ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Ooredoo Myanmar ကို စင်္ကာပူနိုင်ငံပိုင်  Nine Communications Pte ကို ရောင်းချဖို့ သဘောတူလိုက်ပြီလို့ ကာတာကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 

အမေရိကန်ဒေါ်လာ (၅၇၆) သန်းနဲ့  အရောင်းအဝယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဒီနေ့ စက်တင်ဘာလ(၈) ရက်နေ့မှာ ဖော်ပြထားတာပါ။ 

Ooredoo မြန်မာကို ရောင်းချနိုင်ဖို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေး ညွှန်ကြားမှူဦးစီးဌာနကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၂၀ ပြည့်နှစ်ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံးဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပြီး သုံးစွဲသူ (၁၅) သန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍဟာ NLD အစိုးရလက်ထက်မှာ အာရှိဒေသသတွင်း အလျင်အမြန် ကြီးထွားနေတဲ့ စျေးကွက်ထဲက တစ်ခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်းဒေတာတွေပိတ်ပင်တာ ကြားဖြတ်နားထောင် တာတွေရှိနေတဲ့အတွက် လွတ်လပ်တဲ့ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ စစ်ကောင်စီကြား သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လက နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော်ဆက်သွယ်ရေး ကုမ္ပဏီ ကို လက်ဘနွန် ကုမ္ပဏီ M1 Group နဲ့ စစ်တပ်အဆက်အနွယ် ရွှေဗျိုင်းဖြူကုမ္ပဏီတို့က ပူးပေါင်း ဝယ်ယူထား ပါသေးတယ်။ 

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ အော်ပရေတာတွေသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ 


Than Lwin Times 


Ooredoo မြန်မာကိုအမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ စင်္ကာပူကုမ္ပဏီကိုရောင်းတော့မယ် Ooredoo မြန်မာကိုအမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ စင်္ကာပူကုမ္ပဏီကိုရောင်းတော့မယ် Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.