အင်အား ၇၀ကျော်ပါစစ်ကြောင်းကို မြို့လှ KPDF မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီးဒဏ်ရာရ


ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) မြို့လှတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီးဒဏ်ရာရသူများရှိကြောင်း  မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

ယနေ့စက်တင်ဘာ ၆ရက် နံနက်ကရွှေကူမြို့နယ် သာယာကုန်းရွာအနီးတိုက်ပွဲဖြစ်ရာ အင်အား ၇၃ ဦး ပါစစ်ကောင်စီတပ်ကို  မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး  ဦးဆောင်သော တပ်စိတ်မှူး လင်းဝါ ပါဝင်သောအဖွဲ့မှ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသည့် ၃ဦးနေရာတင်သေဆုံးပြီး ၅ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း မြို့လှ KPDFက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးလက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

 ထို့အပြင်စစ်ကောင်စီတပ်က ကျေးရွာရှိ ပြည်သူနေအိမ် ၁ လုံး မီးရှို့ခြင်း၊ နေအိမ် ၂ လုံး ရိုက်ဖျက်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း၊တိုက်ခိုက်မှုအတွင်း  မြို့လှ KPDFတပ်ဖွဲ့များအထိအခိုက်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။


People's Spring 

အင်အား ၇၀ကျော်ပါစစ်ကြောင်းကို မြို့လှ KPDF မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီးဒဏ်ရာရ အင်အား ၇၀ကျော်ပါစစ်ကြောင်းကို မြို့လှ KPDF မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.