ဘုရားတောင်စခန်းကို KNLA တပ်ဖွဲ့ဝင်များသိမ်းပိုက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တပ်ခွဲမှူးထွက်ပြေး


စက်တင်ဘာ ၂၈ ၊ ၂၀၂၂။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတခုဖြစ်သော ဘုရားတောင်စခန်းကို KNLA တပ်ဖွဲ့ဝင်များက ယနေ့ (စက်တင်ဘာ ၂၈ ) ရက်နေ့ နံနက် ၆ နာရီခန့်တွင်သွားရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ယနေ့သွားရောက်သိမ်းပိုက်ခဲ့သော ဘုရားတောင်စခန်းကုန်းတွင်ခြေလျင်တပ်ရင်း−ခလရ (၂၈၃) အခြေစိုက်တပ်ဖွဲ့ဝင်အချို့နေထိုင်ကြပြီး ထိုစခန်းသိမ်းပိုက်ရန်အတွက် အပြန်အလှန်ပစ်ခတ်ချိန်မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၀ ဦးထက်မနည်းသေဆုံးပြီးလက်နက်ခဲယမ်းအချို့ကိုလည်းသိမ်းဆည်းရမိသွားကြောင်း KNLA တပ်ဖွဲ့ဝင်တဦးက ပြောသည်။

“သူတို့စခန်းကိုသိမ်းဖို့အတွက် အချိန်တော့သိပ်မယူလိုက်ရပါဘူး၊ သူတို့စခန်းကယာယီစခန်းပဲဆိုတော့လေ ဘယ်အချိန်ဝင်သိမ်းသိမ်း သိမ်းလို့ရတယ်အရင်ကလည်း ပစ်ခတ်မှုတွေဖြစ်သေးတယ်။ သူတို့စခန်းနဲ့မျက်နှာချင်းဆိုင်မှာလည်း KNU ဂိတ်စခန်းရှိတယ်။ ဒီမနက်စခန်းသိမ်းပစ်ခတ်မှုမှာ စကစ တွေကသေတာများတယ်ပြီးရင် သုံးပွင့်နဲ့ဟိန်းသူအောင်ဆိုတဲ့ တပ်ခွဲမှူးထွက်ပြေးသွားတယ် ” ဟု KNLA တပ်ဖွဲ့ဝင်တဦးကပြောသည်။

၎င်းစခန်းသိမ်းတိုက်ပွဲတွင် နဂါးတောင်လက်နက်ကြီးကုန်းမှ လက်နက်ကြီးများကူပစ်ပေးခဲ့ကြောင်းလည်း သိရသည်။

ယင်းဘုရာတောင်စခန်းကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကဘုရားကို အကာအကွယ်ယူပြီးဆောက်လုပ်ထားကြောင်းနှင့် ထိုစခန်းနောက်ဘက်တွင်လည်း BGF တပ်စခန်းတခုရှိကြောင်းကိုလည်း၎င်းကပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နေ့လည် ၂ နာရီချိန်မှာ ဘုရားသုံးဆူမြို့ထဲသို့ လေယာဉ်တစီးလာရောက်လှည့်ပတ်ခဲ့ကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ဘုရားတောင်စခန်းကို KNLA တပ်ဖွဲ့ဝင်များသိမ်းပိုက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တပ်ခွဲမှူးထွက်ပြေး ဘုရားတောင်စခန်းကို KNLA တပ်ဖွဲ့ဝင်များသိမ်းပိုက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တပ်ခွဲမှူးထွက်ပြေး Reviewed by THITHTOOLWIN on 22:59 Rating: 5

No comments:

Powered by Blogger.