KIA တပ်ရင်း ၉ ရှေ့တန်းစခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အပြင်းအထန် တိုက်ခိုက်နေ

September 7, 2022

ရှမ်းမြောက် ကွတ်ခိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ ရှေ့တန်းစခန်းဖြစ်သော ကောင်းဆတ်ဘွမ် (Kawng Sak Bum) တွင် ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စစ်ကောင်စီ လေယာဉ် ၂ စီးဖြင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့် မှ နေ့လည် ၁၂ နာရီအထိ ဂျက်လေယာဉ်တစ်စီးဖြင့် ၁၀ ကြိမ် ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင်လည်း Helicopter တစ်စီးဖြင့် ဆက်လက်တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။

“ဒီမနက်အစောကြီးကနေ ပြန်ပစ်ကြတယ်။ မနေ့ကနေ ဒီနေ့ထိ ဆက်တိုက်ဖြစ်နေတာပေါ့။ မနက်ကနေ ဖုန်းလိုင်းပျောက်သွားတာ ခဏကမှ ရတာ။ မနေ့ကလည်း လေယာဉ်နဲ့လာပစ် ဒီနေ့လည်း ဂျက်လေယာဉ်နဲ့ ခေါက်သွားခေါက်လာ ဗုံးကြဲပစ်တယ်။ အခုလည်း helicopter နောက်တစ်စီးလာပြန်ပစ်နေပြန်ပြီ။ နမ်ဖက်ကာကနေလည်း လက်နက်ကြီးဆက်တိုက်ပစ်ကူနေတယ်။” ဟု နမ်ဖတ်ကာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ပြီး၊ နမ်ဖတ်ကာ တပ်မ ဘက်မှလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူနေကြောင်း ပြောသည်။


Kachin News Group 

KIA တပ်ရင်း ၉ ရှေ့တန်းစခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အပြင်းအထန် တိုက်ခိုက်နေ KIA တပ်ရင်း ၉ ရှေ့တန်းစခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် အပြင်းအထန် တိုက်ခိုက်နေ Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.