ပျူစောထီးအခြေစိုက်စခန်းရှိတဲ့ ရွာ ၃ ရွာ Drone နဲ့တိုက်ခိုက်ခံရလို့ ပျူ ၇ ဦးသေဆုံး


ကန့်ဘလူ၊ စက်တင်ဘာ ၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပျူစောထီးစခန်းတွေရှိတဲ့ ကျေးရွာ ၃ ရွာကို လက်လုပ်အီနာခါဗုံးတွေ၊ ၆၀ မမ ‌တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်နီ ကန့်ဘလူအဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၃ ရက်၊ ၅ ရက်နဲ့ ၆ ရက်တွေမှာ လယ်လှရွာ၊ ပေကြီးရွာနဲ့ ပျည်းတော်ရွာတွေကို သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ 

“သူတို့သင်တန်းပေးနေတာသတင်းရလို့ ကျနော်တို့က သွားတိုက်တဲ့အနေထားပေါ့၊ ဝင်စီးဖို့ အင်အားကမတတ်နိုင်တော့ ဒရုန်းနဲ့ပဲ ဝင်နွှဲခဲ့ရတယ်၊ ပစ္စည်းကသိပ်မကောင်းတော့ စိတ်နဲ့ပဲလုပ်နေရတယ် မထိရောက်ဘူး၊ NUGက ချပေးမယ့် Drone မျိုးတွေရရင်တော့ ပိုပြီးတော့လုပ်နိုင်မယ်” လို့ လင်းယုန်နီ ကန့်ဘလူအဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါရွာတွေမှာ ပျူစောထီးအခြေစိုက်စခန်းရှိရုံသာမက ‌သင်တန်းတွေပါပေးနေပြီး၊ တရွာကို အင်အား ၃၀ ခန့်ရှိကာ ပျူစောထီးအင်အားကောင်းတဲ့ ရွာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Kanbalu Underground Warriors၊ MPF U-18၊ ကန့်ဘလူ စွန်ရဲ၊ လင်းယုန်နီ ကန့်ဘလူ LDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး၊ လယ်လှရွာနဲ့ ပေကြီးရွာက ပျူစောထီး ၇ ဦးသေဆုံးခဲ့ကာ၊ ၄ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့လည်း အထက်ပါရဲဘော်တဦးက ပြောပါတယ်။ 

မြေပြင်အဖွဲ့တွေအနေနဲ့ လူအင်အားအပြည့်နဲ့ mission တွေဖော်ဆောင်နေပေမယ့် ပစ္စည်းမကောင်းတဲ့အတွက် ခရီးမရောက်ဖြစ်နေကာ၊ နောက်ထပ် အမျိုးသမီး Drone တပ်ဖွဲ့လည်း ဖွဲ့စည်းပြီးဖြစ်ပေမယ့် ပစ္စည်းလိုအပ်ချက်တွေကြောင့် တိုက်ခိုက်ရေးမှာ ကြန့်ကြာနေတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ပျူစောထီးအခြေစိုက်စခန်းရှိတဲ့ ရွာ ၃ ရွာ Drone နဲ့တိုက်ခိုက်ခံရလို့ ပျူ ၇ ဦးသေဆုံး ပျူစောထီးအခြေစိုက်စခန်းရှိတဲ့ ရွာ ၃ ရွာ Drone နဲ့တိုက်ခိုက်ခံရလို့ ပျူ ၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.