CDM တွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ချက်ပစ်ခံရလို့ သေဆုံး


မြင်းခြံ ၊ စက်တင်ဘာ ၈ ၊ ၂၀၂၂ ။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်တန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒလန်စိန်သောင်း ဆိုသူ စက်တင်ဘာ၈ရက် ဒီနေ့မှာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ ဒလံစိန်သောင်းဆိုသူဟာ CDM ဝန်ထမ်းတွေကို Non CDM ပြန်လုပ်ဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်နေသူဖြစ်တာကြောင့် ဒီနေ့ နေ့လယ် ၁နာရီလောက်မှာ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင်က ပြောပါတယ်။

" သူကစစ်တပ်အတွက်ရပ်ရွာက ငွေကြေးကောက်ခံပြီးသွားပေးတာကို ကျနော်တို့သတင်းရလို့ သွားပြီးတော့ရှင်းလင်းခဲ့တာ၊ သေနတ်နဲ့ ၃ ချက်ပစ်ရှင်းခဲ့တာ၊ ခေါင်း ၂ ချက်နဲ့ နောက်ကျော ၁ ချက်ပစ်ခဲ့တာ" လို့ ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို Myingyan Black Tiger (MBT) အဖွဲ့အပါအဝင် မဟာမိတ် ၇ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

CDM တွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ချက်ပစ်ခံရလို့ သေဆုံး CDM တွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ချက်ပစ်ခံရလို့ သေဆုံး Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.