မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့

Photo - Karenni Nationalities Defense Force-KNDF

ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်စပ်၊ မိုးဗြဲတိုက်ပွဲ၌ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ယနေ့ စက်တင်ဘာလ (၉)ရက်နေ့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်နှင့် ယမန်နေ့စက်တင်ဘာလ ၈ ရက်နေ့ကပင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်၊ ခဲယမ်းများသိမ်းဆည်း ရရှိခဲ့သေးသည်။

ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် မိုးဗြဲမြို့၊ ပွဲကုန်း (၃)ရပ်ကွက်ရှိ ဘုရားကျောင်းဝန်းအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ တိုက်ပွဲများအတွင်းအထိနာသောကြောင့် ညနေ (၃)နာရီအချိန်တွင် လေကြောင်းအသုံးပြု၍ တိုက်လေယာဥ် (၂)စီးဖြင့်  နာရီဝက်ကြာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားနိုင်ပြီး ပူးပေါင်းတပ်များဖက်မှ ဒဏ်ရာရရှိသူ(မစိုးရိမ်ရ) အနည်း ငယ်သာရှိခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့တွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများအနီး၌ ပိတ်မိနေသော အရပ်သားများအား ပူးပေါင်းတပ်များမှ ကယ်ထုတ်နိုင်ခဲ့ပြီး ကယ် ဆယ်ရေးများလုပ်ဆောင်စဥ် စစ်ကောင်စီဖက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ ရုပ်အလောင်းကို ထုတ်ယူပေးနိုင်ခဲ့ ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မိုးဗြဲမြို့အတွင်း ထိတွေ့တိုက်ပွဲများ ဆက်၍ဖြစ်နေကာ စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ဦးတည်ရာမဲ့ အလွန်အကျွံပစ်ခတ်နေသောကြောင့် မိုးဗြဲမြို့အနီးတစ်ဝိုက်သို့ အရပ်သားပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြ ရန် မေတ္တာရပ်ခံထားသည်။


Tachileik News Agency 

မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ မိုးဗြဲတိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.