အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ


မန္တလေး အမရပူမြို့နယ် ၊စာတော်ကျေးရွာအုပ်စုရဲ့ လိပ်ဆံဆင်းရပ်မှာရှိတဲ့ ဟန်သစ္စာယက်ကန်းအထည်ဆိုင်ဟာ မနေ့ကညပိုင်းက ဗုံးနဲ့ပစ်ခတ်ခံရလို့ ပေါက်ကွဲမှုဖြစ်ပြီး  ၁ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ 

ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် လင်မယား နဲ့ ဆိုင်ဝန်ထမ်း  ၁ ဦး ဒဏ်ရာရသွားကာ အမျိုးသမီးကြီး ၁ ဦးကတော့ ညာဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စု ဘက်က သတင်းဖြန့်ရာမှာ  မနေ့က စက်တင်ဘာလ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်ကျော်က ဆိုင်ကယ်စီးအမျိုးသား ၂ ဦးဟာ လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ထွက်ပြေးသွားပြီး ဗုံးဟာ ဆိုင်ထဲကိုကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုထားကြပါတယ်။

မန္တလေးတိုင်း ၊မြစ်ငယ်  MN PDF  အမျိုးသမီးတပ်ဖွဲ့က ယက္ကန်းရုံဟာ PDF သတင်းတွေကို စစ်အုပ်စုနဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ထံသတင်းပေးလို့တိုက်ခိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။


People's Spring 

အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ  ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.