စစ်တွေမြို့တွင် ဒုရဲအုပ်တဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး


မြေလတ်အသံ၊ စက်တင်ဘာ ၈၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆေးရုံကြီးအနီးတွင် ဆိုကယ်စီးလာသည့် ဒုရဲအုပ်တဦးမှာ ယနေ့စက်တင်ဘာ ၈ရက် ညနေ ၇နာရီကျော်အချိန်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့သည်ဟုသိရသည်။

သေဆုံးခဲ့သူမှာ စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် သိပ္ပံ ဖြစ်ပြီး ၎င်းမှာ မိသားစုနှင့် ဆိုင်ကယ်စီးလာစဉ် ဆေးရုံးအနီးရှိ မီးပွိုင့်သို့ အရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မြို့ခံတဦးကပြောသည်။

"သေနတ်က ရင်ဘတ်ကို ၃ချက်ထိတယ်။ ဆေးရုံ တင်တော့ အသက်မမီလိုက်တော့ဘူး။  "ဟု ဆိုသည်။

အဆိုပါ ဒုရဲအုပ် သိပ္ပံကို မည်သူက မည်သည့် အတွက်ကြောင့် ယခုလိုပစ်ခတ်ခဲ့သည်ကို မသိရသေးတာကြောင့်အသေးစိတ်အချက်အလက်များအား မြေလတ်အသံက အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


မြေလတ်အသံ - Myaelatt Athan 

စစ်တွေမြို့တွင် ဒုရဲအုပ်တဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး စစ်တွေမြို့တွင် ဒုရဲအုပ်တဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.