စက်တင်ဘာ - ၉
စစ်ကိုင်း - မုံရွာလမ်း၊ ချောင်းဦးမြို့နယ် နတ်ရေကန်ရွာထိပ်မှာ ကားပျက်လို့ လမ်းဘေးရပ်နေတဲ့ စစ်အုပ်စုကို ကျားခင်စိန် ဦးဆောင်တဲ့ TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့က ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် သေတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ စက်တင်ဘာ(၉)ရက် မနက်(၁၀)နာရီက ချောင်းဦးမြို့နယ် နတ်ရေကန်ရွာထိပ်မှာ ရှိနေတဲ့ စစ်အုပ်စုကို ကျားခင်စိန်အဖွဲ့က ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“နတ်ရေကန်ရွာထိပ်တွင် ကားပျက်၍ ပြင်နေသာ စခများအား အညာထန်းသီးဖြင့် တစ်ကြိမ် ကျွေးမွေးခဲ့ရာ ခွေးခြောက်ကောင် ဒွမ်ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တွင် ခြုံထဲတွင် ထွက်ပြေးသော ခွေးများကို သုတ်သင်ခဲ့ရာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။ T.G.R women Drone Forceမှ အရှိန်အဟုန်မြင့် လုပ်ဆောင်နေပါသဖြင့် ပြည်သူများ စခများနှင့် ဝေးဝေး ရှောင်ကျဉ်နေကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်” လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြပါတယ်။
မုံရွာ- မန္တလေး လမ်းဟာ စစ်အုပ်စုရဲ့ အရေးအကြီးဆုံး ထောက်ပို့လမ်း ဖြစ်ပြီး ပုလဲ၊ ကလေး၊ ဒီပဲယင်းစတဲ့ စစ်ကိုင်းတိုင်းသာမက မကွေးတိုင်းထဲက မြို့ရွာတွေကိုပါ မုံရွာ - မန္တလေးလမ်းကို အသုံးပြုကာ စစ်အုပ်စုက တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာသယ်ပိုကတာတွေ လုပ်နေတာမို့ မန္တလေး - မုံရွာ - ရွှေဘိုလမ်းကို ဖြတ်တောက်နိုင်ပါက စစ်အုပ်စု ပိုပြီး အခက်တွေ့နိုင်ကြောင်း၊ မြောင် T.G.R ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အနေနဲ့ မန္တလေး - မုံရွာလမ်းကို နေ့၊ည အချိန်မရွေး တိုက်ခိုက်နေပြီး ဒီထက်မက စစ်ရေးမစ်ရှင်တွေ ဖော်ဆောင်နိုင်ဖို့ ပြည်သူများက ထောက်ပံ့ပေးကြဖို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါး က ဆိုပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment