စက်တင်ဘာ - ၉
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းကာ ရွာအပြင်က တဲတွေကိုပါ မီးရှို့ ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ တစ်ယောက် သေပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရကာ မိုင်းဆွဲတဲ့ နေရာအနီး ခြေပြတ် လက်ပြတ်နဲ့ အသားစတွေပါ တွေ့ရှိရတယ်လို့ မြောက်ပိုင်း ညီနောင်များတပ်ဖွဲ့- NBARS က သတင်း ထုတ်ပြန်ပါတယ်။
ဒိနေ့ စက်တင်ဘာ(၉)ရက် မနက်(၆)နာရီက အရာတော်နှင့် နောင်ကြီးအိုင်ရွာကြား ရှမ်းလည်ချောင်းဘက်မှာ တောတဲတွေကို လိုက်မွှေလုယက် မီးရှိုကနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အရာတော်မှ ကားကြီးနှစ်စီးဖြင့် ရှမ်းလည်ချောင်း အထိ လာချကာ တောတဲနှစ်တဲ မီးရှို့ဖျက်ဆီးပြီး နောင်ကြီးအိုင်ဘက်သို့ ခြေလျင် စစ်ကြောင်းရွှေ့လာသော စစ်ခွေး လမ်းကြောင်းကို တောလမ်း တနေရာအရောက်တွင် ပကဖ နှင့် NBARS - မြောက်ပိုင်းညီနောင်များ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ခြေပြတ်၊ လက်ပြတ်များဖြင့် တစ်ဦး သေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရကာ တောထဲတွင် အရေးပေါ် ဆေးကုသမှု ပြုလုပ်နေစဉ် မုံရွာခရိုင်ရင်း(၆)နှင့် ပူးပေါင်းကာ အဝေးပစ် လက်နက်ကြီးများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သောကြောင့် ညအမှောင်ချိန်ရောက်မှ နောင်ကြီးအိုင် ခွေးခြံထဲသို့ ဝင်ရောက်သွားသည်” လို့ မြောက်ပိုင်း ညီနောင်များတပ်ဖွဲ့- NBARS က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီး ငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment