မုံရွာ - ချောင်းဦး လမ်းပိုင်း အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထား


စက်တင်ဘာ (၈) 

စစ်ကိုင်းတိုင်း မုံရွာ - ချောင်းဦး လမ်းပိုင်း အရေးပေါ် လိုအပ်ချက်အရ ယနေ့ စက်တင်ဘာ (၈) ရက် နံနက် (၁၀) နာရီ က စတင်ပြီး ယာယီပိတ်ထားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ကြေညာချက် ထုတ်ပြန်ချိန်မှ စပြီး နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မှီအချိန်ထိ ဒေသခံ ပြည်သူတွေ အနေနဲ့ လုံခြုံရေးအတွက် လုံးဝ အသုံးမပြုကြဖို့နဲ့ လိုက်နာခြင်းမရှိပါက လုံခြုံရေးအတွက် အာမခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ လမ်းပိုင်းမှာ သွားလာနေတဲ့ မော်တော်ယာဥ်တွေအနေနဲ့ အန္တရာယ် ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်မှာ ခေတ္တရပ်နားထားကြဖို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


SHAN News (Burmese Version) 

မုံရွာ - ချောင်းဦး လမ်းပိုင်း အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထား မုံရွာ - ချောင်းဦး လမ်းပိုင်း အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထား Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.