အမရပူရ ဥယျာဉ်တော်ရွာက စစ်ကောင်စီ ရာအိမ်မှူးတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရ၊ အနီးမှာရှိနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးလည်း သေနတ်မှန် ဒဏ်ရာရ၊


MFP ၊ စက်တင်ဘာ - ၉ 

မန္တလေးတိုင်း အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးတစ်ယောက် ဒီမနက်ပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီနေ့ စက်တင်ဘာ(၉)ရက် မနက်(၈)နာရီခွဲက အမရပူရမြို့နယ် ဥယျာဉ်တော်ရွာ ရာအိမ်မှူး အသက် (၆၂)နှစ်အရွယ် ဦးတင်အုန်း ဆိုသူ ရပ်ကွက် ဓမ္မာရုံမှာ ရှိနေချိန် ဆိုင်ကယ်စီး လူနှစ်ဦးက လာရောက် ပစ်ခတ်သွားတာဖြစ်ပြီး မျက်နှာနဲ့ နောက်စေ့မှာ သေနတ်မှန် ဒဏ်ရာတွေ ရပြီး ပွဲချင်းပြီး သေဆုံးတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီ ရာအိမ်မှူးရဲ့ အနီးအနားမှာ ရှိနေတဲ့ အသက်(၄၀)ကျော်အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးလည်း လက်မောင်းမှာ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဘယ်သူက၊ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို MFP အနေနဲ့ မသိရသေးပါဘူး။ 

စက်တင်ဘာ(၇)ရက် ညပိုင်းကလည်း အမရပူရမြို့နယ် စားတော်ရွာက ရုရှားပြန်ဗိုလ်ကြီး မိသားစုပိုင် ယက္ကန်းရုံ ဗုံးထုတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စစ်အုပ်စုက အမရပူရ အပါအဝင် မန္တလေးမြို့အနှံ့ ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ အကြမ်းဖက်နေပြီး အမေးအမြန်း မရှိ ပစ်ခတ် သ-တ်-ဖြတ်တာတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ စစ်အုပ်စုဝင်တွေနှင့် စစ်အုပ်စုနဲ့ ဆက်စပ်သူတွေလည်း ပစ်မှတ်ထား ပြန်လည် တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

အမရပူရ ဥယျာဉ်တော်ရွာက စစ်ကောင်စီ ရာအိမ်မှူးတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရ၊ အနီးမှာရှိနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးလည်း သေနတ်မှန် ဒဏ်ရာရ၊ အမရပူရ ဥယျာဉ်တော်ရွာက စစ်ကောင်စီ ရာအိမ်မှူးတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရ၊  အနီးမှာရှိနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးလည်း သေနတ်မှန် ဒဏ်ရာရ၊ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.