ကန့်ဘလူမြို့နယ်တွင် ပျူစောထီးသင်တန်းပေးနေသည့်ရွာကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက် ပျူစောထီး ခုနှစ်ဦးသေဟုဆို
![]() |
ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ် |
စစ်ကောင်စီက စခန်းအထိုင်ချ၍ ပျူစောထီးသင်တန်းပေးနေသည့် လယ်လှကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ ပျူ ခုနှစ်ဦးသေဆုံးကြောင်း လင်းယုန်နီကန့်ဘလူက ယနေ့(စက်တင်ဘာ ၆ရက်)ထုတ်ပြန်သည်။
ကန့်ဘလူမြို့နယ် တောင်ခြမ်းတွင်ရှိသော ပျူစောထီးသင်တန်းကို စက်တင်ဘာ ၃ ရက်နှင့် စက်တင်ဘာ ၅ ရက်တို့တွင် Kanbalu Under ground Warriors ၊ MPF U – 18 ၊ ကန့်ဘလူ စွန်ရဲ နှင့် လင်းယုန်နီ ကန့်ဘလူအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပူးပေါင်းအဖွဲ့များက ဒရုန်း ၊ (၆၀)မမ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ပျူစောထီး
ခုနစ်ဦးသေဆုံးသွားသည့်အပြင် တစ်ဦးမှာ မျက်လုံးကျွတ်သွား၍ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။
ထန်းကုန်းတိုက်နယ် လယ်လှရွာတွင် စစ်ကောင်စီတပ်မှ တပ်အထိုင်ချထားကာ ပျူစောထီးသင်တန်းပေးနေသည့်အပြင် ပျူစောထီးများမှ ကျေးရွာထဲရှိ နေအိမ်တအိမ်လျင် ကျပ် နှစ်သောင်း ဆက်ကြေးကောက်ခံကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ထို့အပြင် ဆက်ကြေးမပေးဆောင်သည့်အိမ်ကို သစ္စာဖောက်အဖြစ် သတ်မှတ်ကာ အာဏာရှင် တော်လှန်ရေးတွင်တက်ကြွလှုပ်ရှားသူအချို့၏ နေအိမ်များကို ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများယူဆောင်ကြောင်း သိရသည်။
People's Spring

No comments:
Post a Comment