မြဝတီ-ကော့ကရိတ်လမ်း၌ဆက်ကြေးကောက်ခံနေသည့်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင်၂ဦးသေဆုံး


စက်တင်ဘာ ၇ ၊ ၂၀၂၂ ။ 

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းတစ် နေရာ၌ဆက်ကြေးကောက်ခံလျှက်ရှိသောစစ် ကောင်စီတပ်ဖွဲ့ကိုKNLAနှင့်ပူးပေါင်း၍တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင်ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ 

ကျားသစ်နက်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့စက်တင်ဘာလ၆ရက် နံနက်အစောပိုင်းတွင် မြ၀တီ - ကော့ကရိတ် (အာရှလမ်း) တွင်စစ်ကောင်စီတပ်မှဆက်ကြေး ကောက်ခံလျှက်ရှိသော နေရာတစ်ခုအား အလစ်အငိုက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှု့ကြောင်  စစ်ကောင်စီတပ်ဘက်မှ တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁ )မှ စစ် ကြောင်းမှူးနှင့်တပ်သားတစ်ဦးတို့သေဆုံးခဲ့ပြီးတစ်ဦး ပြင်းထန် ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ခိုက်မှု၌ KNLAနှင့်ပြည်သူ့ကာကွယ် ရေးတပ်ပူးပေါင်းအဖွဲ့မှထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု။

ထိုတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်  အနီးအနားကျေးရွာများအတွင်းသို့ 120 မမ  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ထိုပစ်ခတ်မှုကြောင့် ထီးမူးထ ရွာအတွင်းသို့ 120 မမ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲခဲ့၍ ပြည်သူ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာမှ ရွာသားတစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာနှင့် နွားတစ်ကောင် ထိမှန်သေဆုံးခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

မြဝတီ-ကော့ကရိတ်လမ်း၌ဆက်ကြေးကောက်ခံနေသည့်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင်၂ဦးသေဆုံး မြဝတီ-ကော့ကရိတ်လမ်း၌ဆက်ကြေးကောက်ခံနေသည့်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင်၂ဦးသေဆုံး Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.