စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် လေးဦးသေဆုံးခဲ့ပြီး သဂြိုလ်နေစဉ် လက်နက်ကြီးဖြင့် ထပ်ပစ်ခံရ

ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

ရွှေကူ - စက်တင်ဘာ ၉၊ ၂၀၂၂။

အင်အား ၈၀ ဦးဝန်းကျင်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကသာမြို့နယ် ချောင်းဝကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဗိုလ်မိုးကြိုးဦးဆောင်သည့် မြို့လှ KPDF တပ်ရင်း၊ တပ်ခွဲ (၁)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မြို့လှ KPDF အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

"မိုင်းကွင်း သုံးကွင်းလုံးမိတယ်။ လူနာလည်း များတယ်။ နှစ်ယောက်တစ်ကျင်းနှုန်းနဲ့ လေးလောင်း နှစ်ကျင်းမြုပ်။ လူနာက လေးယောက်ထမ်းလာတယ်"ဟုပြောသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးအား မြုပ်နှံရန် အမိန့်ပြန်တမ်းထုတ်နေစဉ် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

"အမိန့်ပြန်နေတဲ့အချိန် သူတို့က သေနတ် ၂ချက်ဖောက်တယ်လေ။ အဲ့ချိန်မှာ ကသာဘက်က ဗိုလ်သာလိကာအဖွဲ့က လက်နက်ကြီးနဲ့ထပ်ပစ်လို့ ထပ်ထိတာတွေရှိတယ်" ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ မန်စီမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး ယခုလက်ရှိတွင် ရွှေကူမြို့၊ ကျောက်ကြီးကျေးရွာသို့ရောက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ကလည်း တပ်မ ( ၈၈ ) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ( ၇၇ ) တပ်ဖွဲ့အား မြို့လှ PDF မှ ရွှေကူဒေသ မြိုင်ရွာကျွန်းနှင့် သာယာကုန်းရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သုံးဦးပွဲချင်းပြီးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


The 74 Media 

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် လေးဦးသေဆုံးခဲ့ပြီး သဂြိုလ်နေစဉ် လက်နက်ကြီးဖြင့် ထပ်ပစ်ခံရ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် လေးဦးသေဆုံးခဲ့ပြီး သဂြိုလ်နေစဉ် လက်နက်ကြီးဖြင့် ထပ်ပစ်ခံရ Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.